(Zawgyi)
From author:
သာသာ is finally back 😊
စောင့်ရတာကြာသွားရင် တောင်းပန်ပါတယ်။ သာသာ့ဖုန်းက ပျက်သွားလို့ ပြင်နေလို့ပါ🤧
Update ကြာသွားတာအတွက် ဒီ partကို အရှည်ကြီး တင်ပေးထားပါတယ်လို့ ♥️
-----------
"ကြွပါ သခင်လေးတို့...
ဒီဘက်မှာနောက်ဆုံးပေါ် အထည်တွေ ပိတ်စတွေ ရှိပါတယ်။ အရည်အသွေးရော ဈေးနှုန်းရော အကုန် အာမခံပါတယ်"
"အဲ့တော့ မင်းက အခု မိန်းကလေးလို ဝတ်မှာလား"
ကျင်းလင်က အထည်တစ်စကို ဆွဲရင်း ယုံဟွမ်ကို တိုးတိုးမေးလိုက်လေ၏။
"အမ်း ယောက်ျားတွေ အများကြီးကြားထဲ မိန်းကလေးတစ်ယောက်တည်း ဆိုတာတော့ သိပ်အဆင်မပြေဘူးထင်တယ်...."
"အဲ့တော့ မင်းက ဘယ်အချိန်ကျမှ ဝန်ခံဖို့ စဉ်းစားထားတာလဲ"
"ခဏလေးပဲစောင့်ပေးကြပါ။ ကျွန်တော့်မှာ ပြောစရာက အဲ့ တစ်ခုတည်း ရှိတာမဟုတ်ဘူး..."
"ဟမ်... မင်းလျှို့ဝှက်ချက်တွေက ဘယ်လောက်တောင်ရှိတာလဲကွာ..."
အဲ့လျှို့ဝှက်ချက်တွေထဲမှာ ငါတို့ကို အစဖျောက်ပစ်ဖို့ စီစဉ်ထားတယ် ဆိုတာပါ ပါနေမှာများလားမသိ...
အောင်မယ်လေး...ကြောက်တောင်လာပြီ ...
ကျင်းရီတစ်ယောက် စဉ်းစားရင်း ချွေးပင် ပြန်လာလေ၏။
"ကျန်တဲ့ အကြောင်းအရာတွေက ကျွန်တော့်လျှိုဝှက်ချက်တွေဆိုတာထက် အကုန်လုံးအတွက် အရေးကြီးတဲ့ အရာတွေမို့လို့ပါ..."
စစ်ကျွေးလည်း ပထမ ငြိမ်နေရာမှ စိတ်ဝင်စားလာသဖြင့် ကျင်းသခင်လေး ပစ်ချင်ရာပစ်ထားသော 'ဝတ်ရန် အရည်အသွေး မပြည့်ဝ' အထည်ပုံများကို ကျော်ခွတိုးဝှေ့လျက် အဝတ်ပုံထဲတွင် မြုပ်နေသော ယုံဟွမ်ကို ဆွဲထုတ်ရင်း မေးကြည့်မိလေ၏။
(ကျင်းသခင်လေး ပစ်ခတ်ထားသော အဝတ်ပုံထဲရှိ အထည်တို့မှာ အတန်အသင့် ကြွယ်ဝသော လူတန်းစားတို့ တစ်သက်လုံးရှာသမျှစည်းစိမ်ဖြင့်ပင် အနားမကပ်နိုင်သော အမျိုးအစားများဖြစ်ကြောင်းကိုမူ စာဖတ်သူတို့ Depression ဝင်မည်စိုးသဖြင့် အထူးပြု၍ မရေးပြတော့ပါ :') )
YOU ARE READING
Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)
Fanfiction(Zawgyi) နျဲ့မင်ကြွယ်၏ ဝိဉာဉ်ကိစ္စကို ဖြေရှင်းပြီးနောက် ဝေ့ရင်းနှင့် လန်ကျန့်တို့ ကျင့်ကြံဖော်များအနေဖြင့် ပုံမှန် ဘဝလေးတစ်ခုကို ဖြတ်သန်းနေကြသည်မှာ တစ်နှစ်ခန့်ရှိပေပြီ။ စစ်ကျွေး၊ ကျင်းလင်၊ ကျင်းရီနှင့် ဇီကျိန်းတို့သည်လည်း ဉာဉ့်အမဲလိုက်ခြင်းမှလွဲ၍ တျ...