Chapter-18

1.6K 158 24
                                    

(Zawgyi)

"ကျွန်တော် သိထားသမျှတော့ ပြောပြ ....... အခုတော့ အချိန်မကျသေးဘူး"

ပြောပြောဆိုဆို ယုံဟွမ်က သူနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ကျင်းလင်ကို တစ်ဖက်သို့ တွန်းဖယ်လိုက်ပြီး ထိုအရပ်သို့ ကျောခိုင်းလှည့်လိုက်လျှင် မြေထဲမှ ခွဲထွက်လာသော ဧရာမ မြွေနက်ကြီးတစ်ကောင်၏ အစွယ်ဖွေးဖွေးများမှာ ယုံဟွမ်၏ ကျောတစ်လျှောက်တွင် အစင်းရာကြီး နှစ်ခုကို ချန်ခဲ့လေ၏။

"ယုံဟွမ်!!!!!"
အားလုံးက ထိတ်လန့်တကြားဖြစ်သွားသလောက် ကာယကံရှင်မှာ နာကျင်သည့် အရိပ်အယောင်မပေါ်ရုံမျှမက တစ်ချက်မျှ အသံထွက်၍ပင် ရယ်မိလေသည်။

ကျုပ်လိုလူကို ရှင်းဖို့ ဒီနည်းကို သုံးတာတော့ တကယ်ဟာသကြီးပဲဗျာ

"အားလုံးရှောင်နေကြ။ ဒီတစ်ခေါက်တော့ စောစောကထက် ပွဲနည်းနည်းကြမ်းမှာမို့လို့..."

စောစောကပင် အတော်ကြီး လန့်ထားသော ကျင်းရီမှာ ရှေ့ဆုံးမှ လှစ်ကနဲ လစ်လေတော့၏။ သို့ရာတွင် စပ်စုချင်သော ဉာဉ်ကလေးမှာလည်း ဖျောက်၍ မရလေရာ လုံခြုံလောက်ပြီဟု ယူဆရသော နေရာလေးမှ နေ၍ မျက်လုံးပေါ်ရုံမျှ ချောင်းနေလေသည်။

သို့သော် ကြည့်နေသူမှာ ကျင်းရီသာမက ဂျူနီယာများနှင့်တကွ စီနီယာများ အားလုံးပင် ဖြစ်လေ၏။

"လန်ကျန့်.... ဒီဟာကြီးက ဟို ရွှမ်းဝူထက်တောင် ကြောက်စရာကောင်းသလိုပဲ..."

"မူမမှန်ဘူး"
လန်ကျန့်မှာ ထုံးစံမပျက် 'ကျောက်စိမ်းရုပ်သွင်' မျက်နှာထားအတိုင်းပင် ရှိနေသော်လည်း လက်မှ ပီချန်ကို အသင့်အနေအထားဖြင့် တင်းတင်းဆုပ်ထားလေသည်။

"ဒီလောက် ကြောက်ဖို့ကောင်းတဲ့ဟာကြီးကို အဲ့ကောင်လေးက အေးအေးဆေးဆေး ကိုင်တွယ်နေနိုင်တာပဲ။ သူလည်း လွယ်ကူမနေဘူး..."
ကျန်းချန်က ပါးစပ်မှပြောရင်း ဝေ့ရင်းကို 'ငါပြောတာမှန်တယ် တွေ့လားကွ' ဟူသော  လေဆာအကြည့်တို့ ပစ်လွှတ်နေလေ၏။

လန်ကျန့်မှာမူ ထိုကောင်လေး၏ အချို့သော လှုပ်ရှားမှုများကို ကြည့်ပြီး မယုံကြည်နိုင် ဖြစ်သွားမိလေ၏။
ထိုလှုပ်ရှားမှုများမှာ လန်ဂိုဏ်း၏ အမြင့်ဆုံးအဆင့်လျှို့ဝှက်ကျမ်းစာအုပ်များထဲမှ သိုင်းကွက်အချို့ ပါဝင်နေသောကြောင့်ပင်တည်း။ ဤအတိုင်းဆိုလျှင် ဟိုတစ်ခေါက် စာကြည့်တိုက်ထဲတွင် တွေ့ခဲ့သောသူမှာ သည်ကောင်လေးပင် ဖြစ်နိုင်လေသည်။

Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)Where stories live. Discover now