Chapter-28

1.2K 84 19
                                    

(Zawgyi)

From Author:

တာ့ကျားဟောင်... I'm finally back here 😅

Really sorry for very long time no update 🙏

----

ဝေ့ရင်းမှာ ဟွိုင်စန်းတို့နှင့် အတော်ဝေးဝေးရောက်သွားပြီးမှ ဟန်ကွမ်းကျွင်းကို အသံတိုးတိုးဖြင့် ခေါ်လိုက်လေသည်။

"လန်ကျန့်..."

"အင်း"

"ဟွိုင်စန်းကြည့်ရတာ ယုံဟွမ်နဲ့သိတာ တော်တော်ကြာနေပြီလိုပဲနော်"

"အင်း"

"သူတို့နှစ်ယောက်ပေါင်းပြီး ငါတို့ကို ကိစ္စကြီးကြီးမားမားတစ်ခုထဲကို ဆွဲထည့်မလို့စီစဉ်နေကြတာတော့မဟုတ်ဘူးမလား?"

"သူတို့နှစ်ယောက်က ဘယ်တုန်းကစသိကြတယ်လို့ မင်းထင်လဲ?"

"ငါက ဆယ့်ခြောက်နှစ်လုံးလုံးသေနေခဲ့တာဆိုတော့ ဘယ်လိုလုပ်သိပါ့မလဲ ဟန်ကွမ်းကျွင်းရယ်။ မင်းကလည်း အပြစ်ပေးခံနေရတာရယ်၊ ငါ့ကိုလိုက်ရှာဖို့ပဲ အာရုံရောက်နေတာရယ်နဲ့ ... ဟွိုင်စန်းကလည်း ရီလင်းလောင်ဇူကို ပြန်ဆင့်ခေါ်တယ်ဆိုတဲ့ကိစ္စအကြီးကြီးမျိုးကိုတောင် ဘယ်သူမှမရိပ်မိအောင် လျှို့ဝှက်ထားနိုင်တဲ့သူမျိုးဆိုတော့..."

ဝေ့ဝူရှန့်က မရပ်မနားပေါက်ပေါက်ဖောက်နေသလောက် ဟန်ကွမ်းကျွင်းကား စကားတစ်ခွန်းမှဝင်မပြောဘဲ ဝေ့ရင်းပြောသမျှကိုသာ စိတ်ဝင်တစားနားထောင်နေရင်းဖြင့် ဘိုးဘေးသင်္ချိုင်း၏အစီအရင်များကို ဆန်းစစ်နေပေ၏။ ထို့နောက်တွင်ကား လန်ကျန့်တစ်ယောက် အစီအရင်များထဲတွင် သာမန်စွမ်းအားများကိုသာမက အငြိုးအတေးစွမ်းအားများကိုပါအသုံးပြုထားကာ ထိုမှော်နက်စွမ်းအင်များမှာ သူအလွန်ရင်းနှီးလှသောစွမ်းအင်များနှင့် တစ်ထပ်တည်းနီးပါးတူညီနေကြောင်းကို တွေ့ရှိလိုက်ရလေသည်။

"အိုင်း... ဟန်ကွမ်းကျွင်း... ဘာတွေများတွေ့လို့ ဒီလောက်တောင်စိတ်ဝင်စား... နေဦး ဒါက..."

ဝေ့ဝူရှန့်လည်း ထိုအစီအရင်များကိုမြင်သွားပြီးနောက် နှုတ်ပိတ်မန္တာန်မလိုဘဲ အလိုအလျောက်အသံတိတ်သွားတော့၏။

You've reached the end of published parts.

⏰ Last updated: Jun 27, 2021 ⏰

Add this story to your Library to get notified about new parts!

Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)Where stories live. Discover now