Chapter-2

4.8K 293 5
                                    

(Zawgyi)

"ဝမ့်ကျီး ဝေ့သခင်လေး ဘယ်သွားကြမလို့လဲ"

"ဇယ်ဝူကျွင်း...အာ ကျွန်တော်တို့...."
လန်ရှီးချန်၏ အေးချမ်းသော မျက်နှာကိုမြင်လိုက်ပြီး ဝေ့ရင်းအမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။ သားတစ်ယောက်အနေနှင့် သူ့မယ်တော် မည်သို့ အသက်ဆုံးရှုံးခဲ့ရသည်ကို သူလည်း သိသင့်သည် မဟုတ်ပါလား။
"...ဖြည်းဖြည်းပြောကြတာပေါ့"

ဇယ်ဝူကျွင်း၏ အဆောင်ထဲတွင်

"ဒါဖြင့် ဝေ့သခင်လေးရဲ့ မိဘတွေက အသတ်ခံခဲ့ရတာပေါ့" လန်ရှီးချန်က ရေ‌နွေးတစ်ခွက်ကို ငှဲ့ရင်း ဆိုသည်။

"ကျွန်တော်လည်း အဲဒီအကြောင်းတွေကို အခုမှ ရုတ်တရက်ကြီး ပြန်မှတ်မိတာ။ ကိုယ့်မိဘတွေ ဘယ်လိုသေလည်းတောင် မသိဘူးဆိုရင် လူရယ်စရာ ဖြစ်မှာစိုးတာနဲ့ အကုန်လုံးကို ဉာဉ့်အမဲလိုက်ထွက်ရင်းနဲ့ သေတာလို့ ပြောထားတာ။ လန်ကျန့်တစ်ယောက်ကိုပဲ ဘာမှ မမှတ်မိတော့တဲ့အကြောင်း အမှန်အတိုင်း
‌ပြောပြထားတာ"
ဝေ့ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
"ကျန်းချန်တောင် မသိဘူး"

လန်ရှီးချန် ပြုံးလိုက်မိသည်။

"အဲ့တုန်းက ဇယ်ဝူကျွင်းနဲ့ ဟန်ကွမ်းကျွင်းရဲ့ မယ်တော် အသက်ဆုံးရှုံးခဲ့ရတာ ကျွန်တော့်ကြောင့်လည်း ပါပါတယ်။ အခု ဇယ်ဝူကျွင်းတို့ကို ဘယ်လို တောင်းပန်ရမှန်း‌တောင်......"

"ဝေ့သခင်လေး...ပြီးခဲ့တာတွေက ပြီးသွားပြီပဲ။ မလိုပါဘူး"
လန်ရှီးချန် သူ့ညီတော်ကို တစ်ချက်ကြည့်လိုက်သည်။ ဟုတ်ပါသည်။ ဝေ့ဝူရှန့်ဆိုသော လူတစ်ယောက် ဝမ့်ကျီးဘေးတွင် ရှိနေပေးရုံဖြင့် လုံလောက်ပါသည်။

"ဒါပေမယ့် အခုကိစ္စက တော်တော်လေး သတိကြီးကြီးထားဖို့တော့ လိုလိမ့်မယ်။ ကျွန်တော်လည်း တတ်နိုင်သမျှတော့ ‌ဝေ့သခင်လေးတို့ကို အကူအညီပေးမှာပါ"

"ကျေးဇူးတင်ပါတယ် ဇယ်ဝူကျွင်း"

"ဒါနဲ့ ကျန်းခေါင်းဆောင်ရော အဆင်ပြေပါရဲ့လား။ အခုတလော သူနဲ့မတွေ့ဖြစ်တာတောင်ကြာပြီ"

"ကျန်းချန် အားလုံး အဆင်ပြေပါတယ်။ အခုတလော ကျင်းလင်ထိုင်ကို လိုက်ပြီး ကျင်းလင်ကို ကူညီပေးနေတာနဲ့ အလုပ်များနေတာနေမှာပါ"

Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)Where stories live. Discover now