Chapter-5

2.5K 223 16
                                    

(Zawgyi)

"အစ်ကိုဟွမ်က ယုံ အိမ်တော်မှာ စားဖိုဆောင် တောက်တိုမယ်ရ အလုပ်လုပ်တယ်။ သူ့မိဘတွေက သူငယ်ငယ်တည်းက သေသွားပြီ။ အသက်က ၁၇ နှစ်..."

ဝေ့ရင်းခေါင်းထဲတွင် အတွေးပေါင်းစုံ ချာလည်လည်သွားလေသည်။
"တော်တော် ငယ်သေးတာပဲ။ သူက သံသယဖြစ်စရာ အကောင်းဆုံးလူပေမယ့်... ဒီအရွယ်လေးနဲ့ ဒီလိုမျိုးတွေ မလုပ်နိုင်လောက်သေး....
ခဏနေဦး... ရွှယ်ယန်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပြဿနာပေါင်းစုံရှာခဲ့တာပဲ။ အဲလိုဆိုပေမယ့် ရွှယ်ယန်က သူ့လက်ရာခြေရာတွေကို ဒီလောက်အထိ သေသေသပ်သပ် မဖျောက်နိုင်ခဲ့ဘူးလေ။ အခုလိုမျိုး ဘာသဲလွန်စမှတောင် ရှာမရ‌အောင် ခြေရာဖျောက်ထားနိုင်တယ်ဆိုတော့.... ဒီကောင်လေးဖြစ်နိုင်ပါ့မလား"

မည်သို့ပင်ဖြစ်စေ ဘာမှ မသေချာသေးသော အချိန်တွင် အရာအားလုံးကို သိနိုင်သမျှသိအောင် လုပ်ထားရပေလိမ့်မည်။ သို့အတွက် ကလေးများပြောနေသည်ကို ဆက်၍ နားထောင်နေလိုက်၏။

"....ဟင်းချက်တာတော်တယ်။ ပုလွေမှုတ်တာလည်းကောင်းတယ်။ လက်ရေးမလှဘူး။ ပုံပြောမကောင်းဘူး။ သူ ကြိုက်တဲ့ မိန်းကလေးမရှိသေးဘူး။ သူ့ကိုကြိုက်တဲ့ ‌မိန်းကလေးလည်းမရှိသေးဘူး။ နောက်ထပ်ဘာသိချင်သေးလဲ..."

"မင်းတို့အစ်ကိုဟွမ်က...ဟို...သိုင်းတွေဘာတွေတတ်လား"

ကလေးအုပ်စုမှာ ဖင်ကုတ်ခေါင်းကုတ် စဉ်းစားခန်းဖွင့် ကုန်ကြလေသည်။

"အင်း...အဲဒါတော့....သေချာတော့ မသိပေမယ့် မတတ်လောက်ဘူးထင်တာပဲ"

"ဘာလို့ အဲလို ထင်တာလဲ"

"အစ်ကိုဟွမ်က သူ့ကို ကိုက်တဲ့ ပုရွက်ဆိတ်ကိုတောင် မသတ်ဘဲ ပြန်လွှတ်ပေးတတ်တဲ့ သူမျိုးဗျ။ အဲလောက် နူးညံ့နေမှတော့ သိုင်းသမားဖြစ်နိုင်ပါ့မလား"
ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်က တွေးတွေးဆဆ ပြောလေသည်။

ဟုတ်တော့ဟုတ်သည်။ ထိုကောင်လေး လက်ချောင်းလေးတွေကိုက မိန်းကလေးလက်နီးပါး သွယ်သွယ်ကော့ကော့လေးတွေ။ ဓားကိုင်သည့် လက်မျိုးမဟုတ်။ သို့သော်..... ဓားကိုင်စရာ မလိုသည့် မိစ္ဆာလမ်းစဉ်ကို လိုက်သည်ဆိုလျှင်ရော.....။

Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)Where stories live. Discover now