part - 19

1.8K 19 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤အပိုင်း(၁၉)

ခင်မာ ပြန်သွားပြီးကတည်းက ကိုရှိန်းဟာ အိမ်ထဲက ထွက်မလာတော့ပေ... အသွင်လည်းဝင်မသွားရ​ဲ... မဟုတ်တာ လုပ်ထားတာကိုး ...
​စိတ်ကို ဖြေလျော့ကာ လေကိုဖြေးဖြေးလေး ရှုသွင်းလုပ်ပြီး.. အခန်းတံခါးကိုဖွင့်လိုက်တော့... ကိုရှိန်းဟာ... တံခါးပေါက်ကနေ အပြင်ဖက်ကို ငေးနေလေသည်...

"ကိုရှိန်း... ခုနက ခေမာပြောတာကလေ.. အသွင်ဒီကို ရောက်ကာစတုန်းက ပြောထားတာတွေပါ...ပြီးတော့ အသွင်က ကိုရှိန်းကို မုန်းလို့ ထွက်ပြေးလာတာမဟုတ်ပါဘူး အသွင် ကြောက်လို့ပါ ကိုရှိန်းမရချင်တဲ့ ကလေးကို အသွင်လွယ်ထားရတော့ အသွင်ကြောက်လို့ နဂိုတကည်းကမှ အိမ်ပြန်မလာတဲ့ သူက အခု မရချင်သေးတဲ့ ကလေးကို လွယ်ထားရတဲ့ မိန်းမနား ဘယ်လိုလုပ်ပြန်လာတော့မှာလဲ ဆိုတဲ့ အတွေးနဲ့ အသွင်ကြောက်လို့ပါ..... အဟင့်ဟင့်... အသွင်... အခုလည်းလေ ကိုရှိန်းကို မခေါ်မပြောဖြစ်နေတာကလဲလေ... ဟင့်ဟင့်...အသွင် ကိုရှိန်းအပေါ် အထင်လွဲမှားခဲ့တာတွေကြောင့်ပါ...ဟင့်ဟင့်....."

ငိုရင်းပြောနေတဲ့ ဗိုက်ဖုံးဂါဝန်အင်္ကျီလေးနဲ့ ကလေးမလေးဟာ တကယ့်ကို ချစ်စရာလေးပင်... ပြေးဖက်ချင်စိတ်ပေါ်ပေမယ့်လည်း ခပ်တည်တည်ပင်နေထားလိုက်လေသည်...

အရင်က သူငိုနေရင် ပြေးချော့တတ်တဲ့ ကိုရှိန်းဟာ အခုတော့ သူ့လုပ်ရပ်ကြောင့် ချော့ဖို့နေနေသာသာ အနားတောင်မကပ်လာခဲ့ပေ...

"အင်းပေါ့ အသွင့်အနားကို ဘယ်ကပ်ချင်ပါ့မလဲ..ဟင့်... အသွင်က ကောင်းမှမကောင်းတာ အသက်ရှင်လျက်ရှိသေးတဲ့ ယောက်ျားကိုလည်း သေပြီပြောတယ်....ဟင့်ဟင့် ... ပြီးတော့ ထွက်ပြေးလာခဲ့တယ်...အဲ့လို လူဆိုးမကြီးနား ဘယ်သူက ကပ်နေချင်တော့မှာလဲ...ဟင့်ဟင့် ရတယ် ကိုရှိန်းရဲ့ အသွင် ထွက်သွားမယ်သိလား ကိုက ကပ်မလာချင်ရင် အသွင်ကပ်နေတာလဲ လိုချင်မှာမဟုတ်ဘူးမလား... အသွင် ထွက်သွားမယ်သိလား....ဟင့်ဟင့်"

သူမလာရင် ကိုယ် လာမယ် ဆိုတာဘဲကြားဖူးသည်... အသွင့်အလှည့်ကျမှ သူမလာရင် ကိုယ်လည်းမလာဘူးဖြစ်သွားတာမို့ ရှိန်း တွေးထားတာနှင့် တခြားစီ ဖြစ်သွားလေသည်...
သူစိတ်ဆိုးချင်ယောင်ဆောင်ထားတာကို လာချော့မယ်ထင်ထားပေမယ့် သူ့အနားကနေ ထွက်သွားမယ်ဆိုပြီး...အင်္ကျီတွေ ကောက်သိမ်းနေလေရဲ့....

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now