Part - 12

2K 23 1
                                    

ချစ်ရပါသော ချစ်ဇနီး/ သူငယ်ချင်းလေး 🖤 အပိုင်း(၁၂)
Warning🔞

ဟိုနေ့က ကိစ္စကို ဖြေရှင်းဖို့ကြိုးစားပေမယ့် သီဟကို နဒီလုံးဝ အတွေ့မခံတာကြောင့ါ ဘယ်လိုမှဖြေရှင်းလို့မရပေ...
ဆိုင်သွားလျှင် ဆိုင်ဝန်ထမ်းတွေက အိမ်မှာလို့ပြောသည်...
တိုက်ခန်းကို သွားတော့လည်း လုံးဝတံခါးမဖွင့်ပေး....
ဖုန်းဆက်လည်း ဖုန်းမကိုင်...
ဒီနေ့တော့ သူမရမက တွေ့ရအောင်ကြိုးစားရတော့မည်....
ဆိုင်ကိုသွားတော့ မရှိတာမို့ သူ တိုက်ခန်းသို့ပြေးရတော့မည်...
ဆိုင်က အထွက် သော်တာရှိန်နှင့် တွေ့လေသည်...

နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်မှောငါကျုံ့နေဆဲ... သီဟကအရင် မျက်မှောင်ကျုံ့နေတာကို ဖြေချလိုက်ပြီး...

"ကျွန်တော် ခင်ဗျားကို တိုင်ပင်စရာလေးရှိတယ် အချိန်ရမလားဗျ"

ရုတ်တရက်ကြီး သူ့ကို တိုင်ပင်မယ်ဆိုတော့ ဘာကိစ္စလဲဆိုတာ သိချင်တာမို့....

"နည်းနည်းတော့ရပါတယ် အကြာကြီးဆို ကျုပ်မိန်းမ စိုးရိမ်နေမှာစိုးလို့ဗျ"

ရွှန်းကိုပါ ထည့်ပြောလာတော့ သီဟ ဒေါသထွက်ချင်ပေမယ့် သူ့စိတ်ဟာ အရင်လိုမဟုတ်တော့... အရင်လို ဒေါသ ထောင်းကနည်းမထွက်တော့ဘဲ နည်းနည်းငြိမ်နေလေသည်...

လူလွတ်တဲ့ဝိုင်းတစ်ခုမှာ ထိုင်လိုက်ပြီး ကော်ဖီအေးမှာလိုက်ကြကာ...
စကားပြောလာမလားဆိုပြီး ရှိန်းစောင့်နေပေမယ့် သီဟဟာ ကော်ဖီအေးကိုသာ ထိုင်သောက်နေလေသည်... ၂ခွက်မြောက်ကုန်တဲ့အခါမှာတော့ ရှိန်း ဒီတိုင်းထိုင်ကြည့်မနေချင်တော့ဘဲ...

"သီဟရှိန် ခင်ဗျား ကျုပ်ကို ပြောစရာရှိတာရော ပြောဦးမှာလား ကော်ဖီဘဲ ထိုင်သောက်နေမှာလား "

သီဟ သောက်နေတဲ့ ခွက်ကို ချလိုက်ပြီးရှိန်းကို သေချာကြည့်ကာ...

"ခင်ဗျားက ခင်ဗျားကို မချစ်တဲ့ သူကို ရအောင်ယူခဲ့တာမလား သူချစ်အောင်လည်း အချိန် အနည်းငယ်ဘဲယူပြီး ရအောင်ကြိုးစားခဲ့တယ်မလား"

အသွင်နဲ့ သူ့အကြောင်းကို မေးတာကို သိပေမယ့် သီဟဟာ သူတို့အကြောင်းကိုသိချင်လို့မဟုတ်ဘဲ တခြားအကြောင်းအရာကို သိချင်နေပုံပင်...

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Tempat cerita menjadi hidup. Temukan sekarang