Part - 14

1.9K 25 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤 အပိုင်း(၁၄)
Warning🔞

ရှိန်း အခုတလော အလုပ်ကိစ္စကြောင့် အိမ်မပြန်ဖြစ်ပေ...
အိမ်ပြန်ဖြစ်ရင်လည်း ခဏတဖြုတ်သာ အသွင်နှင့် စကားပြောပြီး အလုပ်ပြန်လာရသည်...
အစတုန်းကတော့ အလုပ်ဆိုလို့ မယ်မယ်ရရမရှိဘဲ အလေလိုက်နေသမျှ မိန်းမယူမှ အားကုနိလုပ်နေရတာမို့ သူပိုပင်ပန်းရသည်....
အသွင်ကလည်း နားလည်ပေးရှာသည်.... အိမ်မှာ သူမရှိတဲ့ အချိန်က များတာမို့ အိမ်ငှားတစ်ယောက်ကို ခေါ်ထားကာ...အသွင်နှင့် အဖော်ပြုနေခိုင်းရသည်...

"မိန်းမ နောက်လဆို ကို ပြန်လာတော့မှာပါ ခဏလေး သည်းခံစောင့်ပေးဦးနော်..."

ဖုန်းထဲက ရှိန်းအသံဟာ သူ့ကို အားနာနာနှင့် ပြောနေသည့်လေသံ...
အသွင်သဘောပေါက်တာမို့...
"ရပါတယ် ကိုသာ အလုပ်ကို အာရုံစိုက်လေနော်"

"မိန်းမ ကို တောင်းပန်တယ်နော် ကို အချိန်မပေးနိုင်လို့"

"ရပါတယ် အခု အလုပ်ကို ပိုကြိုးစား ပြီးရင် အသွင့်ဘေးနားလာအဖော်ပြုပေး"

"ဟုတ်ကဲ့ပါဗျ အဲ့တာဆို ကို အခု အလုပ်လုပ်တော့မယ်နော်"

"ဟုတ်ကို"

ဖုန်းချသွားပြီးမှ အသွင် စဥ်းစားမိလေသည်...ရှိန်း သူ့ဆီမလာနိုင်ပေမယ့် သူ ရှိန်းဆီသွားလို့ရတာဘဲ....အစားကောင်းကောင်းမစားမှာလည်းစိုးရိမ်တာမို့ သေချာချက်ပြုတ်ပြီး ယူသွားဖို့ ဆုံးဖြတ်လိုက်သည်...

🖤🖤🖤

ကုမ္မဏီထဲဝင်ဝင်ချင်း အသွင့်ကို ဝန်ထမ်းတွေက သိပုံမပေါ်... သူလည်း အဲ့လို ဆူဆူပူပူဖြစ်စေမဲ့ အရာမျိုးမကြိုက်တာမို့  အေးဆေးပင် ...အခုမှ ထောင်ထားကာစ ကုမ္မဏီမို့ ဝန်ထမ်းသိပ်တော့မများ..
အန်ကယ်က သေချာလုပ်ပေးမယ်ပြောပေမယ့် ကိုရှိန်းက အဆောက်အဦး ဒီဇိုင်းတွေဆွဲတဲ့ သူကိုယ်တိုင်ဘဲ ဒီ ကုမ္မဏီကို အောက်ခြေကနေ  တက်လာချင်တယ်လို့ပြောလို့ ငြိမ်နေရတာမလား....
ဝန်ထမ်းတစ်ယောက်ကို အသွင် လှမ်းလက်တို့လိုက်ရင်း...

"ညီမလေး ကိုသော်တာရှိန်က ဘယ်မှာလဲ အမကို လမ်းညွှန်ပေးပါဦး"

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now