Part - 8

2K 32 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤 အပိုင်း(၈)
(warning 🚨🔞)

"သမီးရေ သားလုပ်ရပ်ကြောင့် အန်တီ မျက်နှာတောင်မပြဝံ့တော့ဘူးကွယ်"

ရှိန်းရဲ့အိမ်ဆီသို့ အသွင့်ကို ခေါ်လာတာမို့ အိမ်ထဲဝင်တာနှင့် မိခင်ဖြစ်သူရဲ့စကားကြောင့် သူပါ မျက်နှာပူရပြန်လေသည်...

"ကျွန်တော် အပြင်သွားစရာလေးရှိလို့ အမေတို့ ခဏဂရုစိုက်ပေးထားလိုက်ဦး..."

"မင်းသွားစရာရှိတာသာသွားပါ ငါက ငါ့သမီးကို ဒီတိုင်းပစ်ထားပါ့မလား"

"ဟုတ်ပါပြီဗျ"

ရှိန်း ထွက်သာထွက်လာရတယ်သိပ်စိတ်မချ ....
ငထွန်းက ခေါ်ခေါ်နေလို့ မသွားရင်မကောင်းပေ...

ရှိန်းထွက်သွားတော့မှ...

"သမီး သားက ဂရုစိုက်ရဲ့လား..."
" ဟုတ် ဂရုစိုက်ပါတယ် အန်တီ ဒါပေမယ့်သမီး သူ့ကို ခင်ပွန်းတစ်ယောက်လို သတ်မှတ်လို့မရသေးဘူးဖြစ်နေတယ်"

သူ့ရင်ထဲ မွန်းကြပ်နေသမျှ ငယ်ကတည်းက သူ့ရ​ဲ့ရင်ဖွင့်ဖော်ဖြစ်ခဲ့တဲ့
အန်တီဝင်းကို သာ သူရင်ဖွင့်ရလေသည်....
သူ့စိတ်ခံစားချက်ကို သဘောပေါက်ပုံပေါ်တဲ့ အန်တီဝင်းက....

"အန်တီ သဘောပေါက်တယ် သမီးနဲ့သားက သူငယ်ချင်းလို နေခဲ့ကြတဲ့ နှစ်က တစ်နှစ် ၂နှစ်မှမဟုတ်တာ ... နှစ်ပေါင်းများစွာနေခဲ့ကြပြီးမှ အခုလို သားရဲ့ လုပ်ရပ်ကြောင့် အလျင်အမြန် နောက်တစ်ဆင့်တက်သွားရတော့ သမီးစိတ်ထဲတစ်မျိုးနေမှာ....ဒါပေမယ့် သမီးအတင်းအကြပ်ကြီး ကိုယ့်ရ​ဲ့ခံစားချက်ကို မထိန်းချုပ်ထားနဲ့ သူငယ်ချင်းက သူငယ်ချင်းဘဲ ဖြစ်ရမယ်ဆိုပြီး မရိုက်သွင်းထားနဲ့
သမီးရဲ့စိတ်ကိုဖွင့်ချလိုက်...အခု အခြေအနေတွေက မတူတော့ဘူးအဲ့ ဒီတော့ သမီးကိုယ်တိုင် ​လက်ခံဖို့ပြင်ဆင်လေနော်"

အေးအေးဆေးဆေးဖြင့် စိတ်ရှည်ရှည် ရှင်းပြတတ်တဲ့ အန်တီဝင်းက အရင်လိုပင်....သူ့အပေါ် သမီးအရင်း တစ်ယောက်လို ဆက်ဆံပေးတာ ငယ်ကတည်းကနေ အခုလက်ရှိအချိန်ထိ....

🖤🖤🖤

"သော်တာ မင်းနဲ့ ရွှန်းလဲ့အခြေအနေ ဘယ်လိုရှိတုန်း"

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now