Part - 4

2.1K 38 0
                                    

ချစ်ရပါသောချစ်ဇနီး/သူငယ်ချင်းလေး🖤 အပိုင်း(၄)

"သမီးရေ သားသော်တာ အစာအိမ်နာလို့ ဆေးရုံတင်ထားရတယ်"

မနက်က ရှိန်းကို အသွင် ဖုန်းဆက်တော့ အန်တီဝင်းက ပြောခဲ့တာမို့ သူ ရှိန်း ကို စိတ်ပူလာ၍ အမြန်ဆေးရုံပြေးခဲ့လေသည်...
ဆေးရုံကုတင်မှာ ဆေးရုံ ဝတ်စုံနဲ့ ရှိန်းရဲ့ရုပ်က တကယ့်ကို လူမမာရုပ်စစ်စစ် ဒီလောက်ထိ ဖြစ်နေမယ်လို့ မထင်ထားခဲ့ပေ...

"ရှိန်း နင်ဟာလေ ကျန်းမာရေးလည်းဂရုမစိုက်ဘူး အရင်တုန်းကဆို နင်ကျန်းမာရေးကောင်းဖို့ဆို အမြဲဂရုစိုက်နေကျလေ အခု ကဘယ်လိုဖြစ်သွားတာလဲ"

ရှိန်း ဘာမှပြန်မပြော....ဒီတိုင်းသာနေနေလေသည်...
"အရက်သောက်တာများလို့တဲ့ သမီးရေ ဆက်သောက်ရင် အသက်တိုမယ်တဲ့ ဆရာဝန်ကပြောသွားတယ် သမီး ဆုံးမလိုက်ဦး အန်တီနဲ့ အန်ကယ်အိမ်မှာလိုတာလေးတွေသွားယူဦးမယ်"

"ဟုတ်ကဲ့ အန်တီ ကားဖြေး​ဖြေးမောင်းသွားပါနော်"
"ဟုတ်ပြီ သမီးရေ"

အန်တီတို့ ထွက်သွားတော့ အသွင် သူ့ဘေးနားထိုင်လိုက်ပြီး....

"ရှိန်း နင်ဘာလို့ အရက်တွေသောက်နေရတာလဲ ဘာလို့ အဲ့လောက်ထိသောက်ရတာလဲ ငါမကြိုက်ဘူးဆိုတာ နင်မသိဘူးလား"
"နင့်ကောင်ကရော မသောက်လို့လား"
"သောက်တယ်လေ ဒါပေမယ့် ကိုသီဟက နင့်လို ကွဲပြဲနေအောင်မသောက်ဘူး"
"အတူတူဘဲကို လာပြောနေတယ်..."
"နင်အဲ့လိုနေမကောင်းဖြစ်နေရင် ငါ့မင်္ဂလာဆောင် နင်ဘယ်လိုတက်မလ​​ဲရှိန်း... ငါက နင့်ကို ငါ့မင်္ဂလာဆောင်မှာရှိစေချင်တယ်လေ"
"ငါမင်းကိုပြောထားပြီးသားနော် အသွင် မင်းယူရင် ငါ့အဆိုးမဆိုနဲ့လို့"
"ဘာကြောင့်လ​​ဲ"
"ငါက...."
ရှိန်း ဘာပြောလို့ပြောရမယ်မှန်းမသိဖြစ်နေမိသည်...တကယ်လဲ ဘာကြောင့် တားနေမှန်း သူကိုယ်တိုင်လဲ မသိဘူးမလား...
ရှိန်း ဘာမှဆက်မပြောတော့ဘဲ မျက်မှောင်ကျုံ့ကာ ပြတင်းပေါက်ဖက် လှည့်နေလိုက်လေသည်...

"တင်...."

အသွင့်ကို ကိုသီဟ စာပို့လာတာမို့ သူသွားရတော့မည်...

"ဘယ်လဲ အဲ့တာက"
"ကိုသီဟ ငါ့ကိုစောင့်နေပြီ သွားတော့မယ်"
"မသွားနဲ့!"

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now