Part-7

1.9K 36 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး 🖤 အပိုင်း(၇)

ရှိန်း သူအိမ်ပြန်ရောက်တော့ ည ၁၀နာရီ....
မီးဖိုချောင်မှာ ဟင်းတွေ အစုံအလင်နှင့် ထမင်းစားဖို့စောင့်နေတဲ့ အသွင့်ကို သူမြင်လေသည်...

အပေါ်ထပ်သို့တက်မသွားဘဲ သူရှိတဲ့မီးဖိုချောင်ထဲဘဲ တန်းဝင်လာခဲ့တာမို့ အသွင် ရှိန်းကို သေချာကြည့်နေမိလေသည်...
အရပ်က ၆ပေ ၁ ဆိုဘဲ လေ့ကျင့်ခန်းအမြဲလုပ်ပြီး ကျန်းမာရေးလိုက်စားသူမို့ ရှိန်းရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ တောင့်တင်းလျက်...
ဆံပင်ကို မတိုမရှည်နှင့် လူငယ်ပုံစံလိုပင်....ခေတ်နဲ့အညီနေတတ်တဲ့အထဲ ရှိန်းပါသည်....ရှိန်းရဲ့ အသားအရေဟာ ဖြူတယ်ဆိုပေမယ့် ဖြူဖတ်လို့မနေ ..... လက်ထိပ်လေးတွေဟာ နီရဲလျက်... နှုတ်ခမ်းတွေဆိုလဲ နီနီရဲရဲပေ....
မျက်ခုံးကောင်းကောင်းနှင့်....မျက်ခုံးတစ်ခုနှင့်တစ်ခုဟာ နီးစပ်နေလေသည်...
ဆိုရိုးစကားရှိတယ်မလား.... မျက်ခုံးနှစ်ခုနီးစပ်နေရင် အနေနီးတဲ့သူနဲ့ရတတ်ပြီး ဝေးနေရင်တော့ အနေဝေးတဲ့သူနဲ့ညားတတ်တယ်တဲ့...
ရှိန်းရ​ဲ့ မျက်ခုံးတွေဟာ သူနဲ့ ပေါင်းဖတ်ဖို့ ညွှန်ပြနေခဲ့ပြီးသားကိုး.....

အရင်တုန်းကဆို နေ့တိုင်းနီးပါးတွေ့နေပေမယ့်လည်း အခုလို သေချာမကြည့်ခဲ့မိခဲ့....ရှိန်းဟာ လူချောတစ်ယောက်ဆိုတာကိုလည်း သူသတိမထားမိခဲ့ဘူးလေ.....

"အသွင် ဘာငေးနေတာလဲ"
"ဟန်"

တွေးနေတဲ့ အတွေးတွေ ပျောက်ကုန်ကာ ရှိန်းကို ကြည့်၍....
"ဘယ်သွားတာလဲ နင် ငါမဟုတ်ဘဲတခြားမိန်းကလေးတွေရှိနေတာလား"

"ဟာဗျာ မဖြစ်နိုင်တာတွေ အရမ်းတွေးတာဘဲ...."
"အဲ့တာဆို နင်ဘယ်သွားလဲ ပြောလေ.."

အမေတို့ဆီသွားတဲ့ကိစ္စလဲသူ့ကိုမသိစေချင်... ဒူးထောက်တောင်းပန်ခဲ့ရတာတွေ လဲ မသိစေချင်...

"ဒီလိုပါဘဲ စျေးဝယ်"
"ဘယ်မှာလဲ ဝယ်ခဲ့တာတွေက..."
အသေးစိတ်က အစ လိုက်မေးနေတာမို့ ရှိန်း သေချာကြည့်ကာ....

"အသွင်....ကို့ကို အပြင်မှာ တခြားမိန်းကလေးရှိမှာစိတ်ပူနေတာလား"
"မဟုတ်...မဟုတ်ပါဘူး"

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now