part - 18

1.8K 22 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤 (အပိုင်း ၁၈)

"မိန်းမ ကို့လက်မောင်းပေါ် ခေါင်းအုံးခဲ့လေ..."

သူ့ဖက်ကို လှည့်မအိပ်ဘဲ နေနေတာမို့ရှိန်း ပြောနေရလေသည်...
မလှည့်လာတော့တဲ့ အဆုံး အသွင့်နားကပ်သွားကာ...

"မိန်းမ..."

ခပ်တိုးတိုးလေး ခေါ်နေပေမယ့်လည်း သူ့ဖက်ကိုမလှည့်လာပေ...
မအိပ်သေးတာသိပေမယ့်လည်း သူ့ကို အခုလို လျစ်လျူရှုထားတာကိုတော့ ရှိန်းမခံစားနိုင်...

"မိန်းမ ကို့ကြောင့်နဲ့ ပင်ပန်းနေပြီလား..."

ပင်ပန်းနေပြီလားတဲ့လား ကိုရှိန်း ...တကယ်တော့ အသွင့် ကို့မျက်နှာကိုမကြည့်ရဲတာပါ ကိုနဲ့ ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့ပေမယ့်လည်း ကို့အကြောင်းကို သိနေပေမယ့်လည်း ကို့ကို အထင်လွဲခဲ့တာတွေအတွက် အသွင် ကို့ကိုမျက်နှာချင်းမဆိုင်ရဲတာပါ....

"ကိုတောင်းပန်တယ်နော် မိန်းမ... ကိုမင်းနဲ့ခွဲနေခဲ့ရတဲ့ ကာလတွေမှာကို တစ်စက်ကလေးမှ အဆင်မပြေခဲ့ပါဘူး...ကို မင်းကို အရမ်းချစ်တာလေ.. ကို မင်းကို အရမ်းချစ်ပါတယ်ဆို ကိုတို့ရင်သွေးဆိုရင်ရော ကိုက မချစ်ဘဲနေပါ့မလား...ကို လိုအပ်သွားခဲ့တာပါ မိန်းမရယ် မိန်းမကို ဒီလိုအတွေးတွေဝင်အောင် ကိုလုပ်ခဲ့တာ..."

အသွင့်ပုခုံးထက်မှာ အနောက်ကနေခေါင်းလေး မှီရင်းပြောနေတဲ့ကိုရှိန်းဟာ...မျက်ရည်ကျလားမကျလား အသွင်မသိပေမယ့် အသံတွေတုန်နေတာကိုတော့ အသွင် သတိထားမိသည်...

ရှိန်း အချိန်အတော်အတန်ကြာအောင် အသွင့်ပုခုံးလေးမှာမှီထားရင်း နောက်တော့မှ ပုခုံးထက်မှဖယ်ကာ အသွင့်ကို ကျောပေးပြီး အိပ်လိုက်သည်... ထိန်းမရတော့တဲ့ မျက်ရည်တွေ လွတ်လွတ်လပ်လပ် ကျရအောင်လို့.....

🖤🖤🖤🖤🖤

"မိန်းမ ပေးပေး အဲ့တာတွေမလုပ်နဲ့ ကိုလုပ်မယ် မိန်းမ ထိုင်နေ...."

အသွင့်ရ​ဲ့ အဝတ်အစားတွေ ထုတ်လှန်းဖို့ ယူခဲ့တဲ့ ပုံးကို ဆွဲယူကာ...အသွင့်ကို စေ့စေ့မကြည့်ဘဲ ပြောလိုက်သည်...
ထမင်းစားတော့မယ်ဆို ထမင်းဟင်းက အရှေ့ရောက်ပြီးသား...
မနက် အသွင် နိုးလာတာနဲ့ အိပ်ယာဘေးမှာ သူမရှိတော့.. အိမ်သန့်ရှင်းရေးတွေ သူလုပ်ထားပြီးသား....
မနက်စာ အသင့် နေ့လည်စာဆိုလည်း အသင့် ညစာဆိုလည်း အသင့်...
ရေချိုးရင်လည်း ရေချိုးတဘတ်လေးကိုင်ကာ ရေချိုးခန်းရှေ့မှာ စောင့်နေပေးပြီးသား...
ခေါင်းလျှော်ရင်လည်း Dryer နဲ့သေချာ ဂရုတစိုက်နဲ့ လုပ်ပေးပြီးသား...
အိမ်က ဖြူဖွေးတောင် ဘာမှ သိပ်လုပ်စရာမလို၍ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေတာ ရက်ပိုင်းလောက်ရှိနေလေပြီ...
အသွင် သူ့ကို စကားမပြောတာလည်း ကြာပြီ... ပြောချင်ပေမယ့်လည်း မပြောရ​​ဲ....
အသွင် န​​ဲ့ ကိုရှိန်းနဲ့ အခုလို ကသိကအောင့်ဖြစ်ပြီး မခေါ်မပြောနိုင်တာ ဒီတစ်ခါ ဘဲရှိဖူးသည်...
ကိုရှိန်းကသာ အသွင့်ကိုပြောနေတာ အသွင်ကတော့ တစ်ခွန်းမှမဟ...

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now