Part - 15

1.8K 21 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤 အပိုင်း (၁၅)

"Bae... ကို မင်းကို ဆေးသောက်ခိုင်းထား သောက်ပြီးပြီလား.."

ကိုယ်ဝန်အားဆေးဆိုပြီး နဒီ့အမေက တကူးတက ပို့ပေးလိုက်တာမို့.. နဒီ့ကို တိုက်နေပေမယ့် နဒီကတော့ လုံးဝမသောက်တာမို့ သူ ခေါင်းပူရပြန်လေသည်...
နဒီနဲ့ သူ့ရဲ့ အခြေအနေကို နှစ်ဖက် မိဘကို အသိပေးပြီး သူ တောင်းပန်လိုက်ရပေမယ့် နဒီ့ မိဘများက သူ့ကို အမြင်ကြည်ကြသည်... ခွင့်လွှတ်ပေးကြသည်... သို့သော် မကြည်တာက သီဟ မိဘတွေပင်... နဒီကိုမကြည်တာလား ဆိုတော့မဟုတ်...သူ့ကိုပင်...

"မသောက်ချင်ဘူး ကိုသီဟ အဲ့ဆေးက အရမ်းခါးတာ...နဒီအနံ့ရတာနဲ့ အန်ချင်တယ်..."

ဗိုက်ဖောင်းအင်္ကျီအဝါဖျော့ဖျော့လေးကို ဝတ်ထားတဲ့ နဒီဟာ ကိုယ်ဝန်ကြောင့် ထင်ပါရဲ့ အရမ်းလှနေလေသည်.....ကိုယ်ဝန်သည်လေး နဒီဟာ တကယ်တကယ် ကို ပြောရဆိုရခက်၍ ခေါင်းခေါက်လိုက်ချင်ပေမယ့်လည်း ရုပ်ကလေးက ပိုပိုချစ်စရာကောင်းလာတာမို့ မခေါက်ရက် မရိုက်ရက်ခဲ့ပေ.... မချစ်ဘူးဆိုပြီး ပိတ်ကန်ငြင်းခဲ့တဲ့ သီဟကို ရှိန်းမြင်လျင်.. သူ့ကို ဟားတိုက်ရီနေဦးမှာပင်...

"Baeရယ် သောက်လိုက်ပါနော်ဒါမှ ကိုတို့ ကလေးက ပိုပိုပြီး ကျန်းမာလာမှာလေ..."

"နဒီ မသောက်ချင်ဘူးလို့ ဒီ ဆေးခါးခါးကြီးနဲ့အနံ့ဆိုးဆိုးကြီးကို
ကိုသီဟ သောက်ကြည့်လေ"

"ဟာ  ကိုသောက်လို့ရရင် သောက်ချင်တာပေါ့ ကိုသောက်လိုက်လို့ ဒီကလေးလေး ကျန်းမာမယ်ဆို ကိုသောက်မှာ ပြီးတော့ Baeရဲ့ ကလေးလေးကို လွယ်ရမယ်ဆိုရင်လည်း ကို လွယ်ပြီး ကို သာ သောက်လိုက်ချင်တယ်...သိလား ဒါပေမယ့် Baeရယ် အခုက  Baeကိုယ်စားလည်းသောက်ပေးလို့လည်းမရဘူးလေဗျာ ကလေးလေးက Baeဗိုက်မှာလေနော်... "

နဒီ သက်ပြင်းရှည်ကြီးချကာ...

"ဟွန့်... ယောက်ျားတွေတိုင်း ဒီလို ပြောကြတာချည်းဘဲ...သူတို့က ကိုယ်စားခံလို့ရရင် ခံလိုက်ချင်တယ်တဲ့ တကယ်မှ သူတို့ ခံရတာမှမဟုတ်တာ ပြောရဲမှာပေါ့ ခံပေးမယ်လို့ပြောလို့ တကယ်များခံရရင် တစ်ခွန်းမှတောင် ဟ မှာမဟုတ်ဘူး"

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now