part - 16

1.8K 24 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်လေး🖤အပိုင်း(၁၆)

"ကို နဒီတို့ အန်ထရာဆောင်း သွားရိုက်ကြတာ မိန်းကလေးတဲ့..."

"ဟုတ်လား သီဟက မိန်းကလေး ရချင်နေတာနဲ့ ကွက်တိဘဲ...ဒီကောင် ပျော်နေတော့မှာ..."

အသွင် ကိုရှိန်းရဲ့ ရင်ခွင်ထဲကနေ စကားတွေပြောနေလေသည်...
ကလေးယူဖို့ စကားလမ်းကြောင်းစလျှင် ကိုရှိန်းက သိသိသာသာ ရှောင်ထွက်တတ်သည်...
အခုတလောဆို နဒီ့အိမ်ကိုပင် သိပ်မပို့...အားကျမှာစိုးလို့ထင်ပါရဲ့...
ကိုရှိန်းဟာ ကလေးမရချင်သေးဘူးထင်ပါသည်...အသွင်ကိုယ်တိုင်လည်း ဂရုစိုက်ရသည် ဆေးပုံမှန်သောက်သည်...ဒါပေမယ့် အသွင် ဆေးတစ်ခါသောက်တိုင်း တစ်ခါ မျက်ရည်ကျရသည်....ကိုရှိန်းဟာ သူ့ရ​ဲ့ ရင်သွေးကို ဘာကြောင့် မလိုချင်ရတာမှန်း အသွင်မတွေးတတ်...

🖤🖤🖤

"ရွှန်းလဲ့ နင်နေမကောင်းဘူးဆို နင် ငါ့ဆီမလာတာနဲ့ ငါကိုယ်တိုင်ဘဲ ကြွလာခဲ့လိုက်တော့တာ..."

ကိုယ်ဝန် ၄လကျော်နေတဲ့ ဗိုက်ကြီးသည်က သူ့ဆီ အရောက်လာခဲ့တာမို့ အသွင် ကိုယ်တိုင်လည်း အားနာရသည်...ကိုရှိန်းမလာခိုင်းလို့ ဆိုတာလည်း သူ့ကိုမပြောပြချင်...

"ငါလည်း လာမလို့ဘဲ မအားတာနဲ့ မလာခဲ့ရတာ..."

"အမယ် လေကြီးဖင်ကျယ်...အဲ့လောက်ထိမအားရအောင် နင်က ဘာအလုပ်တွေလုပ်နေရလို့လဲ"

"ဟိုဟို ဒီဒီပေါ့ဟ...."

ကိုသီဟက နဒီ့ကို ပို့ကာ ပြန်သွားလေသည်...သူငယ်ချင်းနှစ်ယောက်လွတ်လွတ်လပ်လပ်နေစေချင်လို့ပင်...သော်တာ့အကြောင်း သူသိ၍ နဒီကို သူအကုန်ပြောပြထားသည်...နဒီ အစက ဒေါသထွက်ပေမယ့်လည်း ကိုသော်တာရဲ့ စကားကလဲ မှန်နေတာကြောင့် မြိုသိပ်ထားရသည်...ဒါပေမယ့်လည်း အသွင့်ကို မိန်းကလေးချင်း ကိုယ်ချင်းစာ၍ သနားသည်....

"မီးမီးလေးရော နေကောင်းရဲ့လား မေမေကရော မီးမီးကို ဆူသေးလား တီတီ့ကိုပြောနော်..."

နဂိုကတည်းက ကလေးချစ်တတ်တဲ့ အသွင်ဟာ နဒီ့ရဲ့ နည်းနည်းဖောင်းနေတဲ့ ဗိုက်ကလေးကို ကပ်ခါ ပြောနေလေသည်....

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now