Part-6

1.9K 34 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး🖤 အပိုင်း (၆)

"အသွင် ကို အပြင်သွားမလို့ ဘာမှာဦးမလဲ"

အခုရက်ပိုင်း "ကို" ဆိုသော နာမ်စားလေးကို သုံးပြီးပြောပြောနေတဲ့ရှိန်းကြောင့် အသွင် နေရခက်လှသည်...တကယ်လဲ သူ့ထက် ၆လကြီးပေမယ့် ငယ်ကတည်းက နင် ငါ ဆိုပြီးပြောဆိုခဲ့ကြတာဘဲမဟုတ်လား...

"မရှိဘူး"

မီးဖိုချောင်ထဲမှ ပန်းကန်တွေကို ဆေးနေရင်း အသွင်လှမ်းဖြေလိုက်လေသည်....
အကူငှားပါလို့ပြောသော်လည်း ပြန်ပြောတာက
"ကို မင်းနဲ့ဘဲ နေချင်တာ.."
အိမ်ပြန်ပို့ပေးတော့ လို့ပြောပြန်တော့လည်း...
"တခါတည်းတင်တောင်းမှာမို့ ခဏလောက်တော့စောင့်ပေး"
ဟူ၍ ပြန်ဖြေလေသည်...
မနက်ဆိုလည်း သူဟာစောစောထပြီး ချက်ပြုတ်ပေးနေကျ..
အသွင့် အဝတ်အစားရော သူ့အဝတ်အစားတွေပါ သူလျှော်ပေးလေသည်... ငရဲကြီးမှာကြောက်ပေမယ့် ခုရက်ပိုင်း အသွင် ဘာမှမလုပ်ချင် ကိုသီဟကို လွမ်းလှသည်.....

"အာ့....."
အတွေးတွေပျောက်ကုန်သွားအောင် ရှိန်းလုပ်လိုက်တာက သူ့ရဲ့တင်ပါးကို အနောက်ကနေ လာညှစ်ခြင်းပင်....
အသွင် ချက်ချင်းလှည့်ကြည့်လိုက်ပြီး....
"ရှိန်း နင်...လွန်လာပြီနော် ငါနဲ့ နင်နဲ့က အစတုန်းကတည်းက ဖြူဖြူစင်စင်လေ နင် ရုတ်တရက်ကြီးဘာလို့ညစ်ပတ်သွားရတာလဲ...နင် ငါ့အပေါ် ဘယ်အချိန်ကတည်းက ညစ်ပတ်တဲ့အတွေးတွေရှိသွားရတာလဲ"

ရှိန်း အသွင့်ခါးကိုဖက်ကာ....
"ကို လည်းမသိဘူး.... သေချာတာကတော့ ငယ်ကတည်းကထင်တာဘဲ"
"ဘာ.... နင် နင်နော် ငါ့အပေါ်မင်းအဲ့လိုဘဲ ပစ်မှားနေခဲ့တာလား..."
"မဟုတ်ပါဘူး ပစ်မှားခဲ့တာရယ်လို့မဟုတ်ဘူးလေ ပစ်မှားတယ်လို့ပြောရအောင်က ကိုက ဘာလုပ်ထားလို့လဲ... ကို က မင်းကို ချစ်တာလေ"

ပြောနေရင်းတောင် သူ့ညီက ထထောင်လာလေပြီ....
အောက်ကနေခု နေတဲ့ အရာကြောင့် အသွင်ရိပ်မိလိုက်ကာ ဘာမှမပြောတော့ဘဲ ...

"နင်သွားစရာရှိတာသွားတော့...."
ရုတ်တရက် ပြန်လှည့်သွားတဲ့ အသွင့်ရဲ့အမူအယာကိုကြည့်၍ ရှိန်း သိလိုက်သည်..ဒီကောင်မလေး ရှက်နေတာ....
ရှိန်း အသွင့်ကို အနောက်ကနေ လှမ်းဖက်ရင်း....
လည်ပင်းလေးတွေကိုနမ်းကာ....

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now