Part - 10

2K 27 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး 🖤 အပိုင်း(၁၀)
(warning🔞🔞)

"ကိုသော်တာက နင့်ကိုမချစ်တော့ဘူးဟုတ်လား ဘာကိုကြည့်လို့ ပြောတာလဲ ရွှန်း"

"ဒီနေ့ နင့်ဆီလာမယ်လုပ်တော့ ချက်ချင်းခွင့်ပြုတယ်ပြီးတော့လေ ကိုရှိန်း မျက်နှာမကောင်းဘူး မနေ့ညက အထိတောင်အကောင်းကြီး ငါဗိုက်နာလို့ဆိုပြီး ဆေးတိုက်ပြီး ချော့သိပ်သေးတယ်"

"ဟဲ့ အဲ့တာက မချစ်တော့တာလို့ပြောလို့မရဘူးလေ"

"မသိဘူးဟာ ငါ့စိတ်ထဲ အဲ့လိုဘဲ ထင်နေတာ ငါနဲ့ယူပြီးနောက်ပိုင်း သူပုံမှန်လိုဘဲ ဂရုစိုက်ပေးပါတယ် ဒါပေမယ့် ဒီနေ့ကျတော့ သူငါ့ကို ဂရုမစိုက်ဘူး"

"မိကဲရယ် တစ်ရက်တည်းဂရုမစိုက်တာနဲ့ နင့်ကိုမချစ်တော့တာမှမဟုတ်တာ..."

နှစ်ယောက်သားစကားပြောနေတုန်း....

"ရွှန်း...."

ခေါ်သံကြောင့် မော့ကြည့်လိုက်တော့ ကိုသီဟ...

"ကိုသီဟ"

မျက်ရည်တွေရစ်ဝိုင်းနေတဲ့ ကိုသီဟဟာ အရင်လိုမဟုတ်ဘဲ ပိုပိန်သွားလေသည်.... တကယ့်တော့ ရွှန်းဟာ ကိုသီဟအပေါ်ကျူးလွန်ခဲ့တဲ့အပြစ်က ကြီးလွန်းတာမို့ သေချာတောင်းပန်ဖို့ ရွှန်းတွေးနေမိခဲ့တာ...
မနေ့ညတုန်းကတောင် သူ့အိပ်မက်ထဲမှာ ကိုသီဟကိုတောင်းပန်နေခဲ့တာလေ....

"ကိုသီဟ ထိုင်လေ နဒီ ကော်ဖီပြင်ပေးမယ်နော်"

နဒီ သက်သက်မဲ့ရှောင်ထွက်ပေးခဲ့လေသည်... နှစ်ဦးကြားကိစ္စမို့နဒီဝင်မရှုပ်ချင်...

"ရွှန်း .... အကုန်အဆင်ပြေရဲ့လား"

"ပြေပါတယ် ကိုသီဟ  ကိုသီဟ နေရောကောင်းရဲ့လား ပိန်သွားသလားလို့"

"ကျွန်တော်လားဗျ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်မိဘူး ပိန်လားမပိန်လားတောင် ကျွန်တော်မသိတော့ဘူးဗျ"

သနားစရာမျက်လုံးတွေနှင့် ရွှန်းကို လာပြောနေတာမို့ ရွှန်းရဲ့ အပြစ်က ပိုပြီးကြီးသွားခဲ့သလိုပင်....

"ကိုသီဟ အသွင်တောင်းပန်ပါတယ်နော်"

"ကို့ရှေ့မှာတော့ ရွှန်းလို့ဘဲ သုံးပေးပါလား"

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now