Part - 1

6.4K 65 0
                                    

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး 💜အပိုင်း(၁)

"နင့်ကို ငထွန်းတို့နဲ့ မပေါင်းဖို့ ငါပြောထားတယ်လေ နင် ငါ့စကားကိုနားမထောင်တာလား"

"အား နာတယ် နာတယ် ကွ လွှတ်ဦး"

သူ့နားရွက်ကို အတင်းဆွဲကာ လမ်းမ အလည်မှာ အော်ဆူနေတဲ့ သူကြောင့် ရှက်စရာကောင်းလှသည်..

"ငထွန်းအကြောင်းနင်မသိလို့လားပြော ဆေးလိပ်တဖွာဖွာ ပြီးရင် အရက်ဘီယာဆိုင်က သူတို့အိမ်လိုဘဲ အမြဲအဲ့လိုနေရာတွေမှာဘဲတွေ့နေရတာ ဘယ်မှာကောင်းလို့လဲ အဲ့လို ကောင်နဲ့ နင်ပေါင်းစရာလား
ဟိုတစ်လောတုန်းကလဲ ငါ မပေါင်းနဲ့ လို့ပြောထားတဲ့ ငထူးတို့နဲ့သွားပေါင်းလို့ နင် အချုပ်ကျမလိုဖြစ်သေးတယ်ဆိုတာလည်း နင်မမေ့နဲ့ဦးနော် နင်ဟာလေ ငါပြောစကားကို နားမထောင်ဘူးရှိန်း"

ပွစိပွစိနဲ့ အမြဲတမ်း သူ့နားကနေ စက်သေနတ်ပစ်သလို ပြောနေနိုင်တဲ့ သူမပါးစပ်ကိုတော့ *သော်တာရှိန်* အံ့သြလို့မဆုံး....
သူဘာလုပ်လုပ် သူမအကုန်သိသည်...ခိုးလုပ်လည်းသူသိတာမို့ အဲ့တာလည်း သူမရဲ့ စွမ်းရည်တစ်ခုလို့ပြောရမည်...

"ငါ ငထွန်းတို့နဲ့ သွားတာဘဲရှိတာ ငါမသောက်ဘူးကွ ပြီးတော့ ငထွန်းက ငါမသောက်မှန်းသိလို့ တိုက်လည်းမတိုက်ဘူး အဲ့တာ နင်က ဘာဖြစ်နေတာလဲ အသွင်"

*ရွှန်းလဲ့သွင်* တဲ့ နာမည်နဲ့လိုက်အောင် ရွှန်းရွှန်းပေါက်ပေါက်ဘဲ...
သူများတကာ သူ့ကို သော်တာ ဆိုပြီး ခေါ်ကြပေမယ့် သူကတော့ ရှိန်း လို့ခေါ်သည်...ရှိန်းက အသွင်ထက် ၆လ ကြီးပေမယ့် အသွင်ကတော့ ငယ်ကတည်းက နင် ငါ ဆိုပြီး အမြဲပြောနေကျမို့ သူလည်း ပြင်ပေးလို့မရတာမို့ ဒီအတိုင်းသာ ခေါ်ခွင့်ပြုရသည်...
တကယ်တော့ သူ့ကို *ကိုကို* လို့ခေါ်လို့တော့ရတယ်မဟုတ်လား....

"အေ့ ငါဘာဖြစ်နေလဲ ဆိုတာ နင် အသိဆုံးဘဲနေမှာပေါ့ နင်လဲ ဘွဲ့ရ ပညာတတ်တစ်ယောက်ဘဲလေ နင့်မိဘ ကုမ္မဏီတွေမှာ ဝင်လုပ်ကူတော့လေ ငါလေ နင့်လို ယောက်ျားမျိုးကို အားမရပါဘူး နင့်ကိုယူမဲ့သူတောင်ရှိမှာ မဟုတ်ဘူး"

ချစ်ရပါသော ချစ်ဇနီး/သူငယ်ချင်းလေး(Complete)Where stories live. Discover now