အခန်း ၃၀

2.6K 87 3
                                    

Unicode

နေသာသော နေ့တစ်နေ့။

အသက်တို့ အိမ်ပြောင်းလာခဲ့သည်မှာ နှစ်လပင်ရှိလို့ နေပြီ။
ဦးကတော့ အသက်ကို မခွဲနိုင်လို့သာ လိုက်လာရပေမယ့်
ဖေဖေ စီစဉ်ပေးခဲ့သော အိမ်ကို သဘောကျပုံမပေါ်ပါ။ အရင်လို
သူ့မာနကို ထိခိုက်တယ် ဘာညာလို့ အစချီမလာပေမယ့်လည်း
တစ်ခါတစ်လေ ဉီးရဲ့အတွေးတွေအား မျက်နှာပေါ်မှာ
အရှင်းသားတွေ့ခဲ့ရသည်မို့ စိတ်မကောင်းပါ။

သမီးကတော့ ကလေးပီပီ အခန်းကျယ်ကြီးထဲမှာ
တစ်ယောက်ထဲနေရပြီး အရုပ်ခန်းသက်သက်လည်းရှိတာမို့
ပျော်မဆုံးဖြစ်နေသောအခါ စိတ်မကောင်းသည့် ကြားက
ပြုံးမိပါသေးသည်။ ခဏခဏလည်း သူငယ်ချင်းတွေ
ခေါ်လာတတ်သူမို့ အရင်လို သူငယ်ချင်းတွေကိုအထက်စီးမှ
မဆက်ဆံတော့တာမို့ ပို၍ပင် သဘောကျမိပါသေးသည်။

သက်ပြင်းတချချနဲ့ အတွေးနယ်ချဲ့နေသော အသက်မှာ
မကြာခင် ရေချိုးခန်းထဲကနေ ထွက်လာတော့မယ့် ဦးအဖို့
ရုံးသွားဖို့ အဝတ်တစ်စုံ ထုတ်ဖို့လည်း မမေ့ချေ။

အသက် စိတ်တိုင်းကျဆို ဦးကို ကုမ္ပဏီတစ်ခု ထောင်ပေးပြီး
ပန့်ပိုးလိုက်ချင်ပေမယ့် ဦးရဲ့မာနက လက်ခံမည်မဟုတ်။
အဲ့ဒါအပြင် သူ့ကိုယူထားလို့ ရှက်နေတာလားလို့ပါ ခနဲ့ခံရဦးမည်။

ထိုစဉ် ရေချိုးခန်းထဲက ထွက်လာသော ဦးကို ကြည့်ပြီး
မပြုံးမိအောင် တင်းခံထားသော်လည်း အသုံးမဝင်လှပါ။
ချစ်ရသူရှေ့မှာ စိတ်ညစ်သည်ဖြစ်စေ ပျော်သည်ဖြစ်စေ
ရွှင်ရွှင်ပျပျ နေချင်တာကိုက အသက်ရဲ့ အားနည်းချက်
တစ်ခုပင်။

"ရေတွေပြောင်အောင်သုတ် ပြီးရင် ဒါလေးဝတ်လိုက်
အသက် စီစဉ်ထားပေးတာ'

သည်လိုဆိုတော့လည်း ကုဋေမြတ်ဟန် ပြုံးရပါတော့သည်။
ချစ်ရသူ စီစဉ်ထားပေးတဲ့ အဝတ်စားတွေကြောင့် ကိုယ့်ရဲ့
တစ်နေ့တာက နေ့တိုင်း နေ့တိုင်း မင်္ဂလာရှိနေသည်မဟုတ်လား။
ခဏနေကျပြန်ရင်လည်း သူစီစဉ်ပေးမည့် မနက်စာကို
စားရဦးမည်မို့ ကုဋေမြတ်ဟန်မှာ တွေးရင်းဖြင့် ကြည်နူးရပါ
တော့သည်။

Hope Love Me 'Completed'Tahanan ng mga kuwento. Tumuklas ngayon