အခန်း ၁၀

1.7K 52 2
                                    

Unicode

"‌အိပ်ယာခင်းတွေ သေချာလဲကြနော်
ပြီးတော့ ဝန်ဆောင်မှုပေးဖို့ ဟင်းတွေလည်းသေချာချက်အုံး
ပေါ့တဲ့ဟာက ပေါ့ပြီး ငန်တဲ့ဟာက ငန်တာမျိုးမဖြစ်စေနဲ့
ဒီနေ့ သူလေးလာမှာ "

သူဌေးက နေ့တိုင်းလာတာမဟုတ်။ ၂လ ၃လ နေမှ
တစ်ကြိမ်သာလာတတ်သည်။ သူဌေးလာတုန်းလေး သူတို့
ဘယ်လောက်ထိ အလုပ်ကြိူးစားတယ် ဘယ်လောက်ထိ
အရည်ချင်းရှိတယ်ဆိုတာ ပြသရမည့် အချိန်ပင်။

"သိပါတယ် ဂျာကြီးရယ်!!

"ဂျာကြီးရယ် လုပ်မနေနဲ့ သူဌေးသဘောကျဖို့သာ
ကြိုးစားကြ"

"ဟုတ်!!

မမွန်က အဝေးကနေသာ သူ့ကိုလှမ်းကြည့်ပြီးခေါင်းတခါခါပင်။
အလုပ်ထဲမှာဆို အပြင်ကစိတ်ညစ်စရာတွေကို မေ့ထားကာ
တော်တော်လည်းကြိုးစားပြီးအရည်ချင်းရှိသည့်သူဖြစ်သည်။
သူဌေး သဘောကျတာလည်းမပြောနဲ့။ တစ်နေ့ တစ်နေ့
Hotelကို Customerတွေ ရောက်လာတာလည်း
မပြောနဲ့ ကုဋေမြတ်ဟန်က ရုပ်ကလေးက အသင့်တင့်ဆိုတာထက် ပို၏။

ရုပ်ရည် ချောတာ လှတာမျိုးမဟုတ်ပဲ တစိမ့်စိမ့်ထိုင်ငေး
ချင်စရာကောင်းအောင် ခန့်နေတာမျိုးဖြစ်သည်။ သူ့မိန်းမ
ဆုံးပြီး ကလေးတစ်ယောက်နဲ့ ကျန်ခဲ့တာတောင် သူ့ကို
မြောင်းဖောက်ချင်ကြတဲ့ မိန်းကလေးတွေ ရှိနေသေးသည်။
သို့သော် ရုတ်ချည်း သူထယူလိုက်တာက ယောက်ျားတစ်ယောက်
တဲ့။

ထိုသတင်းက သူ့ကိုသဘောကျနေတဲ့ မိန်းကလေးတွေ
အသည်းကို အစိမ်းလိုက်ခွဲခဲ့သည်။ ဒါပေမယ့် တကယ်တမ်း
သူ ထိုကလေးကို ချစ်လို့ယူထားတာမဟုတ်ဘူးဆိုတာကို
အလုပ်အတူတူလုပ်တဲ့ မမွန်က သိနေတော့လည်း။

မြေစာပင် ဖြစ်ရရှာသည့် ထိုကလေးငယ်ကိုသာသနားရ၏။
တကယ်တော့ လူဆို‌တာ သေချိန်တန်လို့ ထွက်သွားကြရတာ
မဟုတ်လား။ မူယာရဲ့ ကံကလည်း ဒီလောက်သာ ပါလို့
ထွက်သွားရတယ်ဆိုတာ ကုဋေမြတ်ဟန် နားလည်ဖို့
ကောင်းပါရဲ့။

"မမွန် ဘာဖြစ်လို့လဲ ထူးဆန်းလိုက်တာ ဘာဖြစ်လို့
ကျွန်တော်ကို အဲ့လိုကြည့်နေတာလဲ"

Hope Love Me 'Completed'Where stories live. Discover now