အခန်း ၂၅

2.5K 89 7
                                    

Unicode

အသက် ထမင်းစား၊ စားပွဲမှာ ထိုင်နေခဲ့သည်မှာ နာရီဝက်နီးပါး
ရှိနေပြီဖြစ်သည်။ မလှိုင်တို့ လင်မယားရယ် ဒေါ်ရတီစိုးရယ်က
လွဲလို့ အသက်ရယ် ပန်းပန်ရယ် ကုဋေမြတ်ဟန်ရယ် သုံးယောက်
သား မျက်နှာချင်းဆိုင်မှာ ထိုင်နေကြသည်ဖြစ်၏။

ဦးကုဋေမြတ်ဟန်နဲ့ ပန်းပန်က စားစရာရှိတာ စားနေပေမယ့်
အသက်ကတော့ ဘာမှမဖြစ်သလို မစားနိုင်ပါ။ စောစောစီးစီး
အသက် နိုးနိုးချင်း အခန်းပြင်ထွက်တာနဲ့ စားပွဲပေါ်မှာစားဖို့
သောက်အသင့် ပြင်ထားပြီးသားကိုတွေ့ရသည်။ ဦးရဲ့ ဟင်းချက်တဲ့ စကေးက အသက်ထက်တောင် ပိုကောင်းသေး၏။ သို့သော်
အသက် ထမင်းဝိုင်းမှာ ထိုင်ပြီး သက်ပြင်းချည်းချနေမိကာ
ပန်းကန်ထဲက ထမင်းတွေကိုလည်း ဇွန်းနဲ့ ‌စိတ်ပျက်လက်ပျက်
မွှေနှောက်နေတော့ ကုဋေမြတ်ဟန်က ဘာဖြစ်တာလည်းဆိုတဲ့
သဘောဖြင့် မျက်ခုံးပင့်ကြည့်လာ၏။

"ဒယ်ဒီ သမီး ကျောင်းသွားဖို့ သွားပြင်တော့မယ်နော်"

တင်းမာအေးစက်သော လေထုကြောင့် ကလေးက စကားတုန့်ပြန်
တာကိုမစောင့်ပဲ ထိုနေရာမှလှစ်ခနဲထွက်သွားသည်။ ကုဋေမြတ်ဟန် ရှေ့ကကောင်လေးကိုကြည့်ကာ မျက်ခုံးပင့်ရင်း ခပ်တည်တည်ဖြင့် ပါးစပ်ကို တစ်ရှူးနဲ့ ကောက်သုတ်လိုက်၏။ ကြာတော့
အသက်လည်းတွန့်ဆုတ်မနေနိုင်တော့ ထမင်းတွေကို မွှေနှောက်
နေရာက ကိုင်ထားသည့် ဇွန်းကို အသံမြည်အောင် ဆောင့်ပြီး
ချရင်း

"ကျွန်တော် ရှည်ရှည်ဝေးဝေးတွေ မပြောချင်ဘူး
ဦးကုဋေမြတ်ဟန် ကျွန်တော်ကို ကွာရှင်းပေးမယ်လို့ မျှော်လင့်!!

စကားမဆုံးခင် ဆတ်ခနဲ ထရပ်လိုက်သောကုဋေမြတ်ဟန်ကြောင့်
သူ စကားလုံးတို့က လမ်းတစ်ဝက်မှာတင် ပျောက်ရှသွားရ၏။
ထို့နောက် ကုဋေမြတ်ဟန်က သူ့ကို ကြည့်လာရင်း

"ထမင်းကို အသာစားလိုက် အခုထိ တစ်လုတ်မှ
မစားရသေးဘူးမဟုတ်လား "

"ဦးကုဋေမြတ်ဟန်!!!!!

အလိုမကျသော အော်သံစူးစူးက ဟိန်းထွက်လာသလို
အသက်လည်း စိတ်တိုသွားရသည်။ ကိုယ်က စကားအကောင်း
ပြောနေပေမယ့် သည်လူက လစ်လျှူရှူထားခြင်းအပေါ််မှာ
အသက် မကျေနပ်ပါ။ သို့တိုင် ဆန့်ကျင်ဘက်အနေနဲ့
ကုဋေမြတ်ဟန်ကတော့ ဒေါသထွက်နေပုံတစ်စက်ကလေးမှ
မပေါ်ပဲ ထိုအစား သူ့စကားတို့အား လစ်လျှူရှုထားဆဲဖြစ်သည်။

Hope Love Me 'Completed'Where stories live. Discover now