အခန်း ၇

1.4K 45 0
                                    

Unicode

ဖေဖေနဲ့ စကားများပြီးနောက် ရာသက်ပန် အိမ်ထဲကနေ
အိမ်အပြင်ကို တစ်လှမ်းမှခြေချခွင့်မရတော့ချေ။ ထိုနေ့မှစကာ
ဖေဖေက အသက်အပြင်မထွက်ဖို့အရေး သူ့လူတွေနဲ့ အသက်ကို
အမြဲလိုလို စောင့်ကြည့်ခိုင်းတတ်သည်။

အခန်းထဲကနေတောင် အပြင်တစ်လှမ်းမှချခွင့်မရတော့။
တော်သေးတာက ဖေဖေက အသက်ရဲ့‌ဖုန်းကိုတော့
သိမ်းမသွားခဲ့၍ အသက် သူငယ်ချင်းတွေနဲ့အဆက်သွယ်
ရနေခြင်းပင်။ ဒါထက် ဦးက ၃ရက်အကြာမှာပင် အသက်ကို
ဆက်သွယ်လာပြီး တစ်နည်းနည်းနဲ့ အပြင်ကို ထွက်လာဖို့
ပြောတာမို့ အသက်အကြပ်ရိုက်နေသည်။

အသက်က ဉာဏ်ကောင်းသူပီပီ ခဏလောက်ဦးနှောက်ကို
အလုပ်ပေးပြီး မကြာပါ ဘာလုပ်သင့်သလည်းဆိုတဲ့
အကြောင်းကို တွေးမိသွားပြန်သည်။ အသက်လုပ်ရမှာက
မိုးမာန်နဲ့ တိမ်တိုက်ဆီဖုန်းခေါ်ပြီး အသက်ကိုလာခေါ်ထုတ်ပေး
ဖို့သာဖြစ်သည်။

သို့သော် အသက်ဘယ်လောက်ပဲဉာဏ်ကောင်းပါစေ
အဖေက ခြေလှမ်းတစ်လှမ်းအမြဲသာ၏။ အခုလည်း အသက်
သူငယ်ချင်းတွေရဲ့ အဖေတွေကိုဆက်သွယ်ပြီး အသက်ဆီ
လာလို့မရအောင် သယတို့နှစ်ယောက်ကိုလည်း အကျယ်ချုပ်
ချထားပါသည်တဲ့။

မဖြစ်။ အသက် ဦးဆီရောက်အောင်သွားပြီး အသက်သိချင်တဲ့
အဖြေကို ရအောင်တောင်းရမည်။ ဒါကြောင့် အသက်
ကိုယ့်ကိုယ်ကိုယ် အားကိုးဖို့ဆုံးဖြတ်လိုက်၏။ ဒီအချိန်မှာ
ဖေဖေလည်းမရှိတာကြောင့် အသက်လှုပ်ရှားဖို့အကောင်းဆုံး
အချိန်ဆိုလည်းမမှားချေ။ ပြတင်းပေါက်အပြင် ခြံထဲကို
အသက်လိုက်ကာကြားကနေ ကြည့်တော့ ခြံထဲမှာလည်း
အသက်ကိုစောင့်ကြည့်ဖို့ လူတွေများစွာရှိနေသည်။

သက်ပြင်း တစ်ချက်ချရင်း အသက်တံခါးကိုဖွင့်လိုက်တော့
ခေါင်းဆောင်ဟုထင်ရသော လူကြီးက အသက်ကိုမျက်မှောင်
ကြုတ်ကာ အသက်ကို ခပ်စွေစွေလေးကြည့်လာသည်မို့
ဟီးခနဲ သွားအကုံးလိုက်ပေါ်အောင် ရယ်ပြလိုက်ရသည်။

"ဆရာက မင်းကို အပြင်မထွက်ဖို့မှာထားတယ်!!

"ဟို.. အသက်ဆေးလိပ်သောက်ချင်လို့ အဲ့ဒါအစ်ကို့မှာ
ပါတယ်မလား ကျွန်တော်ကိုတစ်လိပ်လောက် ပေးစမ်းပါ"

Hope Love Me 'Completed'Where stories live. Discover now