အခန်း ၁၃

1.4K 55 0
                                    

Unicode

"ကုဋေမြတ်ဟန် မီးဖိုချောင်ထဲမှာ ဘာလုပ်နေတာလဲ
ညနေစာ ချက်မလို့လား အချိန်ကဖြင့် ည၈နာရီတောင်
ရှိနေပြီကို!!

မီးဖိုချောင်ဘက်က အသံကြားသောအခါ ဒေါ်ရတီစိုးတို့
သားအမိက သမ်းဝေလျက် သူ့နောက်ကျောပြင်ကိုသာ
ကြည့်လျက် ပြောလာသည်။ ခဏလောက် လှုပ်ရှားမှုတွေ
ရပ်တန့်သွားပြီးနောက် မျက်လုံးထဲပေါ်လာတဲ့ကောင်လေးကြောင့်
နှုတ်ခမ်းထောင့်စွန်းလေးက အလိုလိုမြင့်တက်လျက်
အနောက်ကိုချာခနဲလှည့်ရင်း

"အသက်က ဆေးရုံမှာလေ!!

"အင်း သိတယ်လေ သူမသေဘူးမဟုတ်လား'

"..........?

"ဘယ်သေအုံးမလဲ အမေရယ် စိတ်ချ အဲ့ကောင်လေးက
သက်ဆိုးရှည်အုံးမှာ"

ကြင်နာမှုကင်းမဲ့စွာ ထွက်ပေါ်လာတဲ့ စကားတွေကြောင့်
ကုဋေမြတ်ဟန် မျက်နှာထက်မှာ ရှုပ်ထွေးမှုတို့က
တစ်စွန်းတစ ဖြစ်ထွန်းလာတယ်။ လက်သီးဆုပ်က
သွေးကြောတွေထောင်သည်အထိ တင်းခနဲဖြစ်သွားပေမယ့်
ဘာမှတော့မပြောမိ။

"ဒါနဲ့ နေစမ်းပါအုံး မင်းက သူဆေးရုံတက်တာနဲ့
ဘာလို့ မီးဖိုချောင်ဝင်ရတာလဲ"

"ဆန်ပြုတ်လုပ်ပေးမလို့လေ အသက် တစ်ခုခုစားပြီး
ဆေးသောက်ရမှာ အလက်ဂျစ်ကြောင့် သူ့ကိုယ်ပေါ်က
အဖုတွေထွက်လာပေမယ့် အခု ဆေးထိုးလိုက်တော့
နည်းနည်း နေသာထိုင်သာရှိသွားတာပေါ့!!!

စကားအဆုံး ထိုသားမိနှစ်ယောက်က တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ မျက်ခုံးပြိုင်တူပင့်တယ်။
ဒီ ကုဋေမြတ်ဟန်က တစ်ခုခုတော့ တစ်ခုခုပဲ..။

ဖျတ်ခနဲ လက်သွားတဲ့ ကုဋေမြတ်ဟန်မျက်လုံးတွေက
ကြည်နူးခြင်းတို့ကို ရည်ညွှန်းနေမှန်းသိလိုက်ရတဲ့အခါ
နှစ်ယောက်လုံး ဒေါသထွက်ရတယ်။ မကြာခင်မှာပဲ
တစ်ခုခု ဆုံးရှူံးတော့မလို ခံစားချက်ကို နှစ်ယောက်လုံး
ရလိုက်တယ်။

ကုဋေမြတ်ဟန်ကို ရာသက်ပန်နဲ့ သဘောတူပေးခဲ့တာက
လူ့လောကမှာ မရှိတော့တဲ့ မူယာအတွက် နှစ်သိမ့်တဲ့အနေနဲ့ပဲ
ဖြစ်ဖြစ် ထိုကောင်လေးကိုအနုနည်းနဲ့ ညှင်းပန်းချင်လို့သာ
သဘောတူခဲ့တာ။

Hope Love Me 'Completed'Where stories live. Discover now