အခန်း ၅

1.9K 64 0
                                    

Unicode

မိုးပေါက်လေးတွေက ဖန်ပြတင်းပေါက်အား လာပြီး
ရိုက်ခတ်သည်။ တံခါးပိတ်ထားတာကြောင့် တော်ခါကျ၏။
တံခါးပိတ်ထားပေမယ့် လိုက်ကာအား ဖွင့်ထားသည်မို့ အပြင်က
မြင်ကွင်းတို့ကို အသက် ရှင်းရှင်းလင်းလင်းတွေ့နေရသည်။

မိုးသည် မစဲသေးပေ။ ညတုန်းက အသပ်အိမ်ကိုပြန်ရောက်ရောက်ချင်း တောက်လျှောက်မိုးကျနေခဲ့သည်မှာ အခုဆို
မနက်၉နာရီပင် ရှိလျော့မည်။

အလုပ်နဲ့ပတ်သတ်ရင် တုန်းတိုက်တိုက် ကျားကိုက်ကိုက်
သွားမှာပဲဆိုတဲ့ ဖေဖေကတော့ မနက်၆နာရီခွဲကတည်းက
အပြင်ကိုထွက်သွားတာကြောင့် အသက်တစ်ယောက်ထဲ
အိမ်မှာပျင်းပျင်းရိရိနေခဲ့ရသည်။

အသက် ဘာဖုန်းခေါ်ဆိုမှု ဘာNotiသံမှ မရှိသည့်
ဖုန်းအား ကိုင်ရင်း သက်ပြင်းဖွဖွချမိပြန်သည်။ ညတုန်းက
အဖြစ်ပျက်တစ်ချို့အား အသက်ပြန်တွေးမိတော့ ထိုအရာအား
အိမ်မက်လား တကယ်လားဆိုတာ မသိတော့လောက်အောင်
အဲ့တုန်းက အသက်စိတ်လှုပ်ရှားမိသည်ကအမှန်ပင်။

အခုလည်း အသက်ကို ဖုန်းမခေါ်သေးသည့် ဦးကို တွေးမိ၍
အသက် စိတ်မောရသည်။ တွေ့တာသိပ်မကြာသေးသော်လည်း
ဦးကို တကယ်ချစ်မှန်း ကိုယ့်ကိုယ်ကိုယ်သိသည်။ အသက်၂၀က
ဘယ်လိုလုပ် စိတ်ကစားတာဖြစ်နိုင်ပါ့မလည်းလေ။

အမှန်ဆို ဦးကို မနမ်းဖြစ်ရင် သူတို့တွေ အခုချိန်မှာ
တွဲဖြစ်မည်မဟုတ် ။ နမ်းတာမိသွားတဲ့အတွက် ဖွင့်ပြောဖြစ်တာ
ဖြစ်သည်။ အကယ်၍ ဦးဘက်ကငြင်းရင်တောင် သိပ်ပြီး
ပြဿနာမရှိ။ အနည်းဆုံးတော့ အသက် ဦးကိုချစ်နေတယ်ဆိုတာ
ဦးသိသွားတာပေါ့။

တစ်စုံတစ်ယောက်ကို အသက်ဘက်ကနေ စပြီး ဆက်သွယ်တာက အသက်တွက်တော့ တော်တော်အာက်သည်။ ဒါကြောင့်
ဖုန်းကို ၊ ကိုင်ပြီး သက်ပြင်းတချချဖြစ်နေရသည်။

အသက် အရင်စပြီး ဦးကိုခေါ်ရင်ကောင်းမလား။ ဒီအချိန်
ဦးကလည်း Hotel ရောက်နေမှာဆိုတော့ အလုပ်ရှုပ်နေမှာပဲ။
အဲ့ဒါကြောင့် ဖုန်းမဆက်နိုင်တာဖြစ်မယ်။

ထိုစဉ် အသက်ဖုန်းခေါ်ရင်ကောင်း၊ မကောင်းကိုတွေးနေချိန်
ရုတ်တရက် ဦးဆီက ဖုန်းဝင်လာခဲ့သည်။ ဒီတော့ အသက်
နှုတ်ခမ်းတွေက လေးကိုင်းသဏ္ဌာန်ကွေးညွတ်လျက်...

Hope Love Me 'Completed'Where stories live. Discover now