အခန်း ၂၀

2.1K 72 16
                                    

Unicode

သမီးဆေးရုံက ဆင်းပြီးနောက် ဦးနဲ့အသက်ကြားထဲမှာ
အရင်ကလို တင်းမာသည့်အခြေနေကို ပြန်ရောက်လာခဲ့သည်။
ဆေးရုံမှာ အကောင်းကြီးရှိသေးတဲ့ ဦးက ထိုနေ့ကတည်းက
အသက်ကို ဆေးရုံဆီမလာခိုင်းတော့။ အခုလည်း မျက်နှာချင်း
ဆိုင်နေပေမယ့် အသက်ကိုဥပေက္ခာပြုထားဆဲဖြစ်သည်။

"မလှိုင်!! မလှိုင်"

အသက်ရဲ့ ခပ်စူးစူးအော်သံကြောင့် မလှိုင်က အခန်းထဲကနေ
ထွက်လာပြီး သူ့ကိုကြည့်သည်။

"ဘာလဲ အော်ကြီးဟစ်ကျယ်နဲ့"

"ကျွန်တော်မေးမလို့ အဝတ်လျှော်စက်ကော?

"အဲ့ဒါလား ရောင်းလိုက်ပြီလေ!!

"ဗျာ !! ရောင်းလိုက်ပြီဆိုတော့ ကျွန်တော်တို့အဝတ်လျှော်ရင်
ဘာနဲ့ လျှော်ရမှာလဲ"

"လက်နဲ့လျှော်ပေါ့ဟဲ့ ဈေးကောင်းပေးလို့ ရောင်းလိုက်တာ
တန်ရာတန်ရာပေါ့ဟယ် ဟင်းဟင်း နင် အရင်တုန်းက
သူဌေးသားလေးလို ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်
နေခဲ့ရတဲ့ဘဝကိုမေ့လိုက်စမ်းပါ အခု ရောမကိုရောက်ရင်
ရောမလိုကျင့်သုံးရမှာပဲ အဝတ်လျှော်စက်မရှိတော့တာများ
ဘာအရေးကြီးခွင်ကျယ်လုပ်စရာလိုတုန်း လက်နဲ့လျှော်ပေါ့"

အသက် စိတ်ညစ်သွား၏။ အစကတည်းက အဝတ်မလျှော်တတ်တဲ့ အသက်က အဝတ်လျှော်စက်ကို အားကိုးနေရတာဖြစ်သည်။

"လက်နဲ့လျှော်ရင် အသက်ရဲ့လက်တွေ ပေါက်ပြဲကုန်မှာပေါ့
မလှိုင် ဒါ သက်သက်လုပ်တာမဟုတ်လား"

"လုပ်တော့ ဘာဖြစ်လဲ"

"ဟ.. အဲ့လိုလုပ်လို့မရဘူးလေ ဒီအိမ်က ပစ္စည်းတွေက
ဦးလည်း ပိုင်တယ်မဟုတ်လား"

"ကုဋေမြတ်ဟန်သဘောတူညီချက်ကို ရမှ ငါက
ရောင်းလိုက်တာပါနော်!!

ခပ်ထေ့ထေ့ စကားကြောင့် အသက်မယုံမကြည်ဖြစ်သွားသည်။
အသက် ဒီအဝတ်လျှော်စက်ကို အားကိုးနေတာသိလျက်နဲ့
ဦး ဒီလိုလုပ်ရက်တာလား။

ထိုစဉ် အခန်းထဲက ထွက်လာပြီဖြစ်တဲ့ ဦးက အိမ်နေရင်း
အဝတ်အစားနဲ့သာ ထွက်လို့လာသည်။

Hope Love Me 'Completed'Where stories live. Discover now