အခန်း ၂

3.7K 144 0
                                    

Unicode

"ဒယ်ဒီ ပန် ဒါလေး စားချင်တယ် ငါးရိုးနွှင်ပေးပါ!!

"သမီးက ငါးစားချင်တာလား ဒယ်ဒီလုပ်ပေးမှာပေါ့"

ငါးပန်းကန်ထဲက ငါးကြော်တစ်ကောင်ကို ဆွဲယူလိုက်ပြီး
ငါးရိုးကို စနစ်တကျနွှင်လိုက်ကာ သမီးရဲ့ ထမင်းပန်းကန်ထဲကို
ထည့်ပေးလိုက်သည်။

"စားကြည့်!!

"ဟီး စားကောင်းလိုက်တာ"

"သားဖ နှစ်ယောက် စားနေကြပြီလား ဖွားဖွားတို့ကိုတောင်
မစောင့်ဘူး"

"ဘယ်ကသာ မဟုတ်ပါဘူး အမေရာ သမီးက ကျောင်းလည်း
သွားရဦးမှာဆိုတော့ အရင်‌စားနှင့်ဖို့ ကျွန်တော်ပြောလိုက်တာ!!

ဒေါ်ရတီစိုးမျက်နှာက မြေးဖြစ်သူ ကုဋေပန်းပန်ရဲ့ မျက်နှာ
လှလှလေးအား ကြည့်ရင်း မနက်ခင်းအာရုံတက်ချိန်
ထွက်လာသည့် နေခြည်တို့နဲ့အပြိုင် တောက်ပလျက်ရှိသည်။
သမီးဖြစ်သူ ဆုံးသွားကတည်းက ကု‌ဋေမြတ်ဟန်က ပန်းပန်
လေးကို မိခင်လိုရော ဖခင်လိုပါ စောင့်ရှောက်ခဲ့ရတာ သူမ
အသိပဲမဟုတ်လား။

"ဟုတ်တယ် အမေ အမေ့မြေးက သူ့ဒယ်ဒီမှ သူ့ဒယ်ဒီ
အခုလည်းကြည့်ပါ့လား သူ့ဒယ်ဒီကျွေးမှ ထမင်းစားတာ!

"အဲ့လိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ မလှိုင်ရယ် သမီးက
အမေနဲ့ မလှိုင်ကိုလည်း ချစ်ရှာပါတယ်!!

"သိပါ့ရှင် ဒီကလည်း စနေတာပါ မြတ်ဟန် မင်းလည်း
အဲ့လိုမနေနဲ့လေ စားနှင့်တာ မဟုတ်ဘူး"

"အမေနဲ့ မလှိုင်ကို စောင့်နေတာ ဒါနဲ့ မလှိုင်အမျိုးသားလရော"

"အမလေး ဒင်းက ဘယ်တုန်းကများ စောစောနိုးဖူးသလဲ
အခုထိ အရက်နာကျပြီး ကာလနဂါးက အိပ်နေလေရဲ့"

မလှိုင်က ပြောပြောဆိုဆို ကော်ဖီကိုတစ်ငုံသောက်ရင်း
ပန်ကို လှမ်းကလူလိုက်သေးသည်။ ကုဋေပန်းပန်က
တစ်အိမ်လုံးရဲ့အချစ်ခံဆည်းလည်းလေး။ မလှိုင်ကလည်း
အိမ်ထောင်ကျတာ အတော်ကြာပြီဖြစ်ပေမယ့် ကလေးမရှိတော့
ပန်ကိုပဲ ပိုပိုသာသာချစ်နေရသည်။

ညီမဖြစ်သူဆုံးရှူံးပြီးနောက် မလှိုင်ခင်ဗျာ မနည်းကို
နလန်ထူခဲ့ရတာပင်။ အခုမှ ညီမဖြစ်သူရဲ့ ကိုယ်ပွားလေးကြောင့်
မျက်နှာပေါ်မှာ အပြုံးတွေပြန်ဖြစ်ထွန်းလာရ၏။

Hope Love Me 'Completed'Where stories live. Discover now