အခန်း ၉

1.4K 49 0
                                    

Unicode

ခေါ်လို့မရသည့် ဖုန်းကို အသက် အဆက်မပြတ်ခေါ်နေသည်မှာ
နာရီဝက်နီးနီး ရှိလို့နေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အသက်
ဖေဖေ့ကို အသက်တို့ လက်ထပ်ပွဲအား အသိမှတ်ပြုစေချင်သည်။

ဦးရဲ့ အခန်းက အသက်ရဲ့အခန်း၃ပုံတစ်ပုံလောက်သာရှိ၏။
သို့ပေမယ့် နေရအဆင်ပြေပါသည်။ အသက်ရဲ့ အိပ်ယာလို
မွေ့ယာမရှိတာကြောင့် အိပ်ရင် အဆင်မှပြေပါ့မလားတော့မသိ။
ဦး ဒီတစ်လျှောက်လုံး မွေ့ယာမပါပဲ အိပ်ခဲ့တာများလား။
အသက်ဘဝမှာ မွေ့ယာမပါဖို့မပြောနဲ့ အသက်မကြိုက်ရင်
လက်ရှိသုံးနေတဲ့ မွေ့ယာကို ချက်ချင်းလဲပစ်သည့်သူဖြစ်သည်။

သက်ပြင်းတချချနဲ့ ဖေဖေ့ဆီကို အသက်ဖုန်းခေါ်ဖို့
မကြိုးစားတော့ပါ။ ပြီးနောက် လက်ထဲက ဖုန်းကို ခုံပေါ်
လှမ်းတင်လိုက်သည်။ ထိုစဉ် တံခါးဖွင့်ပြီး ဝင်လာသည့်
ဦးကို လှမ်းတွေ့မှသာ အသက် မွေ့ယာက အဓိက မဟုတ်မှန်း
နားလည်သဘောပေါက်လိုက်၏။

ကိုယ့်ချစ်သူနဲ့ အတူနေဖို့ အသက် စွန့်လွှတ်ခဲ့ရတာတွေက
အများကြီးပင်။ စဉ်းစားကြည့်တော့မှ ဒီနေ့က မင်္ဂလာဦးည
ဖြစ်သည်။ အတွေးတို့ကြောင့် နားရွက်ဖျားတွေက ရဲတွတ်ကာ
ပါးတစ်လုလုံးလည်း ရဲတက်လာခဲ့သည်။ အခန်းထဲက
အပူရှိန်ကလည်း မြင့်တက်လာသည်က အဲကွန်းမရှိ၍ကြောင့်
များလား။

"ဦး ကလေးကို သိပ်ခဲ့ပြီလား"

ဦးက ဘေးမှာ တင်ပါးလွှဲဝင်ထိုင်ပြီးမှ အသက်ကို
ကြည့်၍ ခေါင်းညိတ်သည်။ ဦးမျက်ခုံးနှစ်ခုကြားထဲက
မှဲ့လေးကို အသက်သေချာစူးစိုက်ကြည့်နေသည်မှာ
အမြတ်တနိုးပင်။

"သမီးလေးကို သေချာသိပ်နေရလို့ ကြာနေတာပါ ချစ်သက်ရဲ့
ဒီနေ့ ဟိုသွားရ သည်သွားရနဲ့ ကိုယ့်ချစ်သက်လေး
ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး ဦးနဲ့အတူရှိနေတာပဲဟာ"

ဦးရဲ့လက်တစ်ဖက်က အသက်ရဲ့ ခေါင်းပေါ်ကို
ကျရောက်လာကာ ဖွဖွလေး ပွတ်ပေးလာသည်။

"ဒါဆိုရင် အိပ်ကြစို့လေ"

"ဟင် အိပ်... အိပ်မယ်"

Hope Love Me 'Completed'Where stories live. Discover now