အခန်း ၂၂

2.2K 84 20
                                    

Unicode

ခပ်နွေးနွေးကျန်ခဲ့သည့် အိပ်ယာ‌လေးကို လက်နဲ့အသာစမ်းရင်း
ရင်ထဲ လှိုက်တက်လာသော ဝမ်းနည်းစိတ်အား မထိန်းချုပ်နိုင်။
ဒီတစ်ကြိမ်တော့ ခါတိုင်းနဲ့မတူစွာ မနက်ခင်းအစက
ခပ်ခြောက်ခြောက်ပင်။

နှုတ်ခမ်းထောင့်က သွေးစကို အသာဖိသုတ်ရင်း ‌အသားပေါ်က
ဒဏ်ရာထက် ရင်ထဲက ပိုလို့နာ၏။

မထင်ခဲ့ဘူး ကိုယ်မထင်ထားဘူး အသက်ရယ်။

တစ်ညလုံး သတိ‌မရသော ကောင်လေးကို မနက်အစောပိုင်း
၇နာရီဝန်းကျင်လောက်က အသက်ဖေဖေကိုယ်တိုင်
လာပြီး ခေါ်သွား၏။ မလိုစွာ သူတားတော့ လက်သီးနှစ်ချက်
သုံးချက်က ပါးပေါ်သို့။

အဲ့ဒါတွေကို နာစရာလို့မတွေးမိ။ သူတွေးတာက အသက်။
အရင်က ဒီအခြေနေကို တကယ်ကြိုးမတွေးထား၍လား
ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး အသက်
ထွက်မသွားဘူးလို့ ထင်ခဲ့မိတဲ့အတွက်လားမသိ။

အဲ့ဒီတုန်းကလည်း ထွက်သွားရင်ဂရုစိုက်မည်မဟုတ်။
မရှိပါက ပိုတောင်ကောင်းအုံးမည်။ တစ်နှစ်နီးပါးရှိတော့မည့်
ဒီဆက်ဆံရေးမှာ ဘယ်တုန်းကတည်းက ကိုယ့်ဘက်က
ငြိတွယ်သွားခဲ့သလည်း ကိုယ့်ကိုယ်ကိုယ်ပင်မသိ။

'ခွေး တိရိစ္ဆာန်ကောင် လူယုတ်မာ' ဆိုသည့် အသက်ဖေဖေ
စကားတွေအောက်မှာ မီးစနဲ့ ထိုးခံရသည့်အတိုင်း
ပူလောင်လှပါ၏။ သို့တိုင် အသက်ကို ပွေ့ပြီးခေါ်သွားသည့်
မြင်ကွင်းအား လူနှစ်ယောက် သုံးယောက် ဝိုင်းချုပ်ထားလျက်
ဖြင့် ကြည့်နေခဲ့ရသည်။

ဒေါက် ဒေါက်

"ဒယ်ဒီ သမီးဝင်ခဲ့မယ်နော်"

ခဏကြာပြီးနောက် ပန်းပန်လေးက ကျောပိုးလွယ်အိတ်ကို
လွယ်ကာ အခန်းထဲ ဝင်လာခဲ့သည်။ ပန်းပန်ဝင်လာတော့
ကုတင်ပေါ်မှာ တင်ပါးလွှဲထိုင်ရင်း သူ့ကိုကျောပေးထားသည့်
ကုဋေမြတ်ဟန်အားတွေ့လိုက်သည်။

"ဒယ်ဒီ!!

ရှစ်နှစ်ကျော် ကိုးနှစ်မျှသာ ရှိသေးသည့် ကလေးငယ်က
လူအရိပ်ကဲလည်း တော်တန်ရုံခတ်တတ်သလို ဘယ်လို
ထိန်းချုပ်ရမလည်းဆိုတာလည်း အတော်အတန်နားလည်ပြီ
ဖြစ်၏။ အခုလည်း တုန်ယင်စပြုလာသည့် အသံကို
ဖိချုပ်ကာ ခေါ်ရခြင်းမှာ ရွှင်လန်းမှုတွေမပါဝင်။

Hope Love Me 'Completed'Where stories live. Discover now