အခန်း ၄

1.9K 75 0
                                    

Unicode

"မာန် ဟိုမှာ မင်းရဲ့သိရိဆိုတဲ့တစ်ယောက် လာနေပြီ"

တိမ်တိုက် ညွှန်ပြသည့်နေရာသို့မာန်ကြည့်လိုက်ပြီးပြုံးချင်ချင်
ဖြစ်သွားရသည်။ ထို့နောက် တစ်ချိန်လုံး ငြိမ်သက်နေသည့်
သူငယ်ချင်းဖြစ်သူ ရာသက်ပန်ကို ကြည့်တော့ ဒင်းလေးက
ရောက်ကတည်းက အရက်ချည်းလှိမ့်သောက်နေပြီး ဘေးနားက
အချောအလှလေးတွေကို မသိချင်ယောင် ဆောင်ထားလေသည်။

ဒီကောင့်ပုံစံက အရင်ကနဲ့မတူ။ ဘာဖြစ်နေတာလည်းမသိ။
သိရိကို လှမ်းခေါ်ပြီး ခါးလေးအား ဆွဲဖက်ပစ်လိုက်ရင်း
ပါးတစ်ဖက်အား နှာခေါင်းတစ်ခုလုံးနစ်ဝင်သည်အထိ
နမ်းပစ်လိုက်သည်။

"မာန် မတွေ့တာကြာပြီနော်!!

"သိရိကလည်း မကြာသေးပါဘူး အခုမှ၂ရက်လား၃ရက်လား
မသိဘူး ရှိသေးတယ်"

"ဒါပေမယ့် သိရိအတွက်က အရမ်းကြာတယ်လေ"

"ဟုတ်ပါပြီကွာ အရင်ဆုံး သိရိကို အကူညီတစ်ခု
တောင်းစရာရှိတယ်"

သိရိက သူ့ရင်ဘက်ကို လက်နဲ့ပွတ်သပ်ရင်း မျက်ဝန်း
လှလှလေးဖြင့် သူ့ကိုချစ်စဖွယ်မော့ကြည့်လာခဲ့သည်။

"ပြောလေ မာန်အတွက်ဆို သိရိ မလုပ်ပေးနိုင်တာ
မရှိစေရဘူး လူသတ်ပေးရမလား ဒါမှမဟုတ် သတ်ပြီးသား
လူကို ဖျောက်ပေးရမလားဟင်!!!

"ဟက်.. တစ်ခုမှမဟုတ်ဘူး ကိုယ့်သူငယ်ချင်း ရာသက်ပန်ကို
စိတ်ပျော်အောင် အဖော်လုပ်ပေးရမှာ"

သိရိက တစ်ချက်စဉ်းစားပြီးမှ ကြည်ကြည်ဖြူဖြူခေါင်းကို
ညိတ်ပြလာကာ ရာသက်ပန် အနားကို သွားထိုင်လိုက်ပြီး
အမြည်းခွံ့ပေးလိုက်သည်။

"မင်းက !!!

"အများကြီးမမေးပါနဲ့ ယူရယ် စားစရာရှိတာစား
သောက်စရာရှိတာသောက်!!

မာန်ကိုတစ်ချက်ကြည့်လိုက်တော့ မျက်စိတစ်ဖက်ကို
ဖျတ်ခနဲမှိတ်ပြလာသည်။ သိရိက ဒီနေရာက မာန်သဘောကျတဲ့
ကောင်မလေးပင်။ မိတ်ဆွေအဆင့်ထက်ပိုပေမယ့် သိရိနဲ့
မာန်က အတိအလင်း တွဲနေကြသည့်အဆင့်မျိုးလည်းမဟုတ်ချေ။

Hope Love Me 'Completed'Where stories live. Discover now