Part-53

3.6K 169 3
                                    

(Unicode)

ကောင်းခန့်တယောက် မိဘမဲ့ဂေဟာလေးဆီသို့ သွား
သည့်လမ်းလေးတွင် မြင်လိုက်ရသည့်မြင်ကွင်းတခုက
စိတ်မချမ်းမြေ့စရာပင်။ ကျောင်းစိမ်းဝတ်စုံလေးတွေနဲ့
ကျောင်းသားလေး တစု ရန်ဖြစ်နေသည့်မြင်ကွင်းတခုအား
ဦးစွာတွေ့လိုက်ရ၏။ သုံးယောက် တယောက်ဖြစ်နေသည့်
ထိုရန်ပွဲဟာ ညီမျှမှုမရှိ။ သို့ပေမယ့်လည်း သုံးယောက်
တယောက်ဖြစ်နေတာတောင် ခုခံနေနိုင်သည့် ထိုကလေး၏
ဇ ကတော့ဖြင့်မသေးလှပေ။အရွယ်ကလေးတွေကဖြင့်
၁၂နှစ် ၁၃ နှစ် ဝန်းကျင်လောက်သာ ရှိမည်ထင်၏။
ဒီအရွယ်လေးတွေနဲ့ လူမိုက်တွေလို ရန်ဖြစ်နေကြသည့်
ထိုလေးယောက်အား ကောင်းခန့်မျက်မှောင်ကြုံ့၍ကြည့်နေ၏။

''မင်းတို့ အခုရပ်ကြစမ်း''

ဟိန်းထွက်လာသည့် ကောင်းခန့်၏ အသံကြောင့် အားလုံးရပ်သွားကြ၏။ ကောင်းခန့်ကိုမြင်တော့ သုံးယောက်သားပြေးကြသည်မှာ နောက်သို့ပင်တချက်ပြန်မကြည့်။
ကျန်ခဲ့သည့် ကောင်လေးကတော့ ကြောင်တောင်တောင်လေးဖြင့်။ ပြေးထွက်သွားသည့်သုံးယောက်ကိုလှမ်းကြည့်လိုက် ကောင်းခန့်ကိုတချက်ကြည့်လိုက်ဖြင့် ခဏတာကြောင်၍ရပ်နေမိပြီးနောက် ဖိနပ်နှစ်ဖက်ကို လက်ကကောက်ကိုင်လိုက်ပြီး ပြေးမည်အပြု ကောင်းခန့်
လှမ်း၍ တားလိုက်၏။

''မင်းဘယ်သွားမှာလဲ... အခုရပ်စမ်း''

ကောင်းခန့်၏ အမိန့်သံ သြရှရှကြောင့် ထိုကောင်လေး၏
ခြေလှမ်းတွေဟာ တုန့်ခနဲ ရပ်သွားတော့သည်။ ကောင်းခန့်ဘက်သို့ ဖြေးဖြေးချင်းပြန်လှည့်လာပြီး....

''ခုနက ကူညီပေးတဲ့အတွက် ကျေးဇူးပါဗျ...ဟီးဟီး''

သွားလေးဖြီးကာဖြင့် အချိုသပ်ပြောလိုက်သော်လည်း
ကောင်းခန့်က မျက်နှာတည်ကြီးဖြင့်သာ ပြန်၍တုန့်ပြန်လာသည်မို့ ထိုကောင်လေးလည်း အနည်းငယ်ရှက်သွားသည့်ဟန် ခေါင်းလေးငုံ့သွား၏။

''ဒါဆိုလေ ဦး...သားကို ခွင့်ပြုပါအုံးခင်ဗျ''

ခေါင်းလေးငုံ့ကာ နှုတ်ဆက်ပြီး ​လှည့်ထွက်မည်အပြု....

''မင်းကျောင်းပြေးလာတာလား''

''ဗျာ''

လက်ကနာရီကိုတချက်ကြည့်လိုက်တော့ မနက် ၁၁နာရီ။
ပုံမှန်ဆိုရင် ဒီအချိန်ဟာ ကျောင်းမှာရှိနေသင့်သည့်အချိန်မဟုတ်လား။အလန့်တကြားပြန်ကြည့်လာသည့် အခြေနေအားကြည့်ပြီးသေချာပေါက် ကျောင်းပြေးလာခြင်းဖြစ်သည်ဟု ကောက်ချက်ချလိုက်သည်။

''အချစ်ဟုခေါ်သည်''Where stories live. Discover now