Part-45

3.2K 171 2
                                    

(Unicode)

နေ့ရက်တွေဟာ အဓိပ္ပါယ်မဲ့စွာဖြင့် ကုန်ဆုံးလာခဲ့သည်။
အရင်က သိပ်ကိုမှ ပျော်ရွှင်ဖွယ်ကောင်းခဲ့သည့်
တိုက်ခန်းငယ်လေးဟာလည်း အခုတော့ဖြင့် တိတ်ဆိတ်ခြောက်ကပ်လို့နေပြီ။ အခန်းတံခါးလေးကို ဖွင့်လိုက်သည်နှင့်
ကြိုဆိုသူမရှိသည့် တိတ်ဆိတ်နေသော လေထု။ မျှော်လင့်ချက်လေး တခုဖြင့် နာမ်စားလေးတခုအား ခေါ်လိုက်၏။

''ငယ်''

တုန့်ပြန်သော စကားတို့ ရှိမလာခဲ့ပါ။ သို့ပေမယ့်လည်း
ထပ်၍ မျှော်လင့်နေမိတုန်း။

''ငယ်.....မောင် ပြန်လာပြီလေ''

ဧည့်ခန်းထဲသို့ ဝင်လာသည့်အခါ မြင်လိုက်ရသည့်
စားပွဲပေါ်က စာရွက်လေးတခု။ ထိုစာရွက်ဟာ စာချုပ်
တခုမှန်း မြင်ရုံဖြင့်သိပါ၏။ ဖွင့်ကြည့်လိုက်သည့်နှင့်တပြိုင်နက် ပါးပြင်ထက်သို့ မျက်ရည်တွေဟာ စီးကျလျှက်သား။ ကွာရှင်းစာချုပ်တဲ့လေ။ ပြတ်သားနိုင်သည့် သူတဦးကတော့ ရက်စက်စွာဖြင့် လက်မှတ်ရေးထိုးခဲ့လေပြီ။
မျက်ရည်များနှင့် ကျန်ရစ်ခဲ့ရသူကတော့ မစွန့်လွှတ်နိုင်ခဲ့သေး။

နီရောင်သမ်းနေပြီဖြစ်သော မျက်လုံးကလေးတွေဟာ
မျက်နှာကျက်ဆီသို့ အဓိပ္ပါယ်မဲ့စွာ ကြည့်နေခဲ့သည်။
ည၁၂နါရီ ပင်ထိုးနေပြီ။ တစုံတယောက်ကိုစောင့်နေပါသော်လည်း ထွက်သွားသူဟာ ပြန်မလာတော့ချေ။
အဖော်ပြုပေးနေကျ ဂစ်တာလေး ကတော့ တာဝန်မပျက်
အဖော်ပြုပေးနေပါရဲ့။ ဒီတခါလည်း ရင်ထဲက နာကျင်မှုနှင့်အတူ သီချင်းလေးတပုဒ် ညည်းဆိုမိခဲ့ပြန်သည်။

🎶လူတယောက်ရဲ့ ကောင်းကွက်ချည်းပဲ ......
လိုချင်လို့တော့...မရဘူးရယ်...ဒွန့်တွဲတဲ့ ဆိုးကွက်လည်း
ပါမယ်....အံဝင်ဂွင်ကျ ဆုတောင်းသမျှ ပြည့်စုံအောင်...
ဘယ်ဘုရားမှ မစွမ်းနိုင်ဘူး....နီးစပ်တာနဲ့ ရောင့်ရဲကြရတာလည်း...မင်းအသိပါပဲ.....🎶

🎶ကြောက်တိုင်း အပြစ်ကလေးတော့ ရှိတယ်...
လူတိုင်း.... ချို့ယွင်းချက်ရှိမယ်...သဘာဝရဲ့...
သဘောတရားတခုပါပဲ...ပုံစံတခုတည်း...ဇွတ်အတင်း
သွတ်သွင်းနေရင်...နဂိုရှိရင်းစွဲဂုဏ်အင်...ပျက်စီးမယ့်အရေး
ပြန်ငဲ့ကွက်သင့်တာလဲ...မင်းအသိပါပဲ...🎶

''အချစ်ဟုခေါ်သည်''Where stories live. Discover now