Part-31

3.9K 211 4
                                    

(Unicode)

ရိပ်တို့ သူငယ်ချင်း၅ယောက် အောင်စာရင်းမထွက်ခင် ကာလအတွင်း  ကွန်ပျူတာ သင်တန်းတက်နေကြပြီး ကျောင်းတုန်းကလို ပျော်ပျော်ရွှင်ရွှင် ရယ်ပေါ့။
ကောင်းခန့်နှင့် ဝတ်ရည်လည်း အရင်ကထက်ပို၍
နီးနီးကပ်ကပ်ရှိနေပြီး နေ့တိုင်း သင်တန်းသွား
သင်တန်းအပြန် တူတူပြန်ဖြစ်ကြလေသည်။ ထိုသို့
နှစ်ယောက်တည်းပြန်ရသည့် အချိန်ခဏလေးဟာ
ထိုလူသားနှစ်ဦး၏ ရင်ခုန်သံများဗလောင်းဆူသည့်
အချိန်ဆိုပါတော့။ထို့နေ့တွင်တော့ မိမိဘေးနားက
ခုံအလွတ်လေးအား ကြည့်ပြီး ကောင်းခန့်လင်းတယောက်
မပျော်နိုင်။ သင်တန်းသားများ မရောက်ကြသေးပဲ
ကောင်းခန့်တယောက်သာ ရှိနေသည်။ ထိုအချိန်
အခန်းထဲသို့ ရောက်လာသူကတော့ ရိပ်ပင်။

ရိပ်က ကောင်းခန့်၏ မှိုင်နေသည့် မျက်နှာအား
သတိပြုမိကာ...

''ဟဲ့...ကောင်းခန့် ဘာဖြစ်နေတာလဲ။ ဝတ်ရည်ရော..
မလာဘူးလား''

''အင်း ဒီနေ့ သူသွားစရာရှိလို့တဲ့''

''အော်''

''ရိပ်''

''အင်း''

''ငါ ဝတ်ရည် ကိုချစ်တယ်''

ရိပ် ကောင်းခန့်အား တချက်ကြည့်လိုက်သည်။
သို့ပေမယ့် ရိပ်မျက်နှာတွင် အံ့သြသည့် အရိပ်အယောင်တော့ မတွေ့ရ။

''နင် မအံ့သြဘူးလားဟင်''

''ဟင့်အင်း...ငါရိပ်မိပါတယ်''

ထိုအခါ ကောင်းခန့်က ရိပ်အား နားမလည်ဟန်ဖြင့်
ကြည့်လာ၏။

''နင်နဲ့ ဝတ်ရည် က ငါတို့အကူညီတောင်းတဲ့
ကိစ္စ ကို ကူညီပေးနေတာ ဆိုပေမယ့်
နင်ဝတ်ရည်အပေါ်ကြည့်တဲ့ အကြည့်တွေက
အဓိပ္ပါယ် တွေ ပြည့်နက်နေတယ်။ ငါသတိထားမိတာ
ကြာပါပြီ။ နင့်ရဲ့ အပြုအမူတချို့ ပြီးတော့
ဂရုစိုက်မှုတွေကလုပ်ယူထားတဲ့ ပုံစံမျိုးမဟုတ်ဘူးလို့
ငါထင်တယ်။ငါလည်း လူအကဲခတ်အဲ့လောက်မညံ့ပါဘူးဟ''

''ငါ ဝတ်ရည်ကို ဖွင့်ပြောသင့်လားဟင်''

''ငါတကယ်ပြောရမလား''

''အင်း''

''နင်သူ့ကို တကယ်ချစ်တယ်ဆိုရင် သတ္တိရှိရှိသာ
ဖွင့်ပြောလိုက်''

''အချစ်ဟုခေါ်သည်''Where stories live. Discover now