Part-29

4.1K 237 0
                                    

(Unicode)

ကျောင်းသွား ကျောင်းပြန်ချိန် စကားသံလေးများနှင့်
ပြည့်နက်နေသည့် ကားလေးဟာ တိတ်ဆိတ်နေခဲ့သည်မှာ
၅ရက်မျှပင် ရှိနေပြီ။ စိမ်း ရိပ်အား စာသင်ချိန်တွင်လည်း
တချက်မကြည့်။ အိမ်သို့ရောက်၍ စာသင်ချိန်၌လည်း
စာရှင်းပြသည့် အ​ကြောင်းအရာမှလွဲ၍ အခြားသောစကား
ဘာတခွန်းမှမပြော။ ထိုအခြေနေတိုင်း ရိပ်အား လျစ်လျူရှုထားသည်မှာ ၅ရက်မျှပင်ရှိနေပြီ ဖြစ်သည်။ ထိုကဲ့သို့
လျစ်လျူရှု ခံထားရမှုကြောင့် ရိပ် အတော်လေးနာကျင်ရသည်။ ထို့ကြောင့် ဒီနေ့တော့ မရရအောင် တောင်းပန်မည်ဟု
တွေးပြီး ကားမောင်းနေသည့် စိမ်း အား မဝံ့မရဲလေး
ခေါ်လိုက်သည်။

''မမ''

သို့သော် စိမ်းဘက်က ဘာမှမတုန့်ပြန် ကားကိုသာ ဂရုစိုက်မောင်းနေသည်။ ထို့ကြောင့် ရိပ် စိမ်း၏ လက်လေးအား
ကိုင်ကာ ထပ်၍ ခေါ်လိုက်သည်။

''မမ''

''ကားမောင်းနေတယ်လေ မမြင်ဘူးလား''

''ရိပ် တောင်းပန်ပါတယ် မမရယ်။ ရိပ်ကို အဲ့လိုကြီး
ပစ်မထားပါနဲ့နော်''

''နှောင်းရိပ်သျှင်...မမ ကားမောင်းနေတယ်လို့
ပြောနေတယ်နော်''

''မမ မကျေနပ်သေးရင် ထပ်ရိုက်ပါ။
နောက်ဆို ဆေးလိပ်မသောက်တော့ပါဘူး။
ရိပ်ကို ပစ်မထားပါနဲ့တော့ မမရယ်''

ထိုအခါ စိမ်း ကားကို လမ်းဘေးသို့ ချရပ်လိုက်ပြီး
သက်ပြင်းတချက်ချကာ....

''မမ ကားမောင်းနေတာကို ဘာလို့
နှောက်ယှက်နေတာလဲ နှောင်းရိပ်သျှင် ''

''ရိပ် နှောက်ယှက်ဖို့ မရည်ရွယ်ပါဘူး။
တောင်းပန်ပါတယ်''

ခေါင်းလေးငုံပြီးတောင်းပန်စကားတွေသာ ဆိုနေသည့်
ရိပ်အား ကြည့်ကာ စိမ်း စိတ်မကောင်းဖြစ်ရပြန်သည်။
ဒီရက်ပိုင်းအတွင်း သူ့အား လျစ်လျူရှုထားခဲ့သည်ကြောင့်
အတော်လေး ဝမ်းနည်းနေမည်ကို စိမ်းသိသည်။
သို့သော်လည်း မှတ်သားတတ်စေရန် စိမ်းကိုယ်တိုင်ပင်
ရင်ကွဲခံကာ လျစ်လျူရှုထားခဲ့ခြင်းဖြစ်သည်။
စိမ်း ရိပ်အား ခဏမျှ အေးစက်စွာ ကြည့်လိုက်ပြီး...

''အချစ်ဟုခေါ်သည်''Where stories live. Discover now