Part-44

3.4K 176 1
                                    

(Unicode)

''ဟုတ် မေမေ အဆင်ပြေပါတယ်
အခုဆို ရိပ်လည်း လုပ်ငန်းပိုင်းနဲ့ ပတ်သက်ပြီး
တော်တော်လေး နားလည်နေပါပြီ''

''.............''

''မေမေရယ် ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ပါ။
ရိပ်က အားလုံး အေးဆေးပဲ''

''...............''

''အမလေး ရိပ်က ဆောင်းရာသီ ဆိုရင် ဖက်ထားလို့ရတဲ့
မမ ရှိတယ် မေမေရဲ့ ဟီးဟီး''

''.................''

ရိပ်ကြိုက်တတ်သည့် နဂါးမောက်သီး ပန်းကန်လေးကိုကိုင်ပြီး ဝရံတာမှာ ဒေါ်မေနန်းနှင့် ရယ်ရယ်မောမော ဖုန်းပြောနေ
သည့် ရိပ်အား စိမ်းလှမ်းကြည့်နေမိသည်။
အပြုံးလေးများနှင့်ရိပ်အား ငေးကြည့်နေစဥ် ခေါင်းထဲ
ရုတ်တရက်ပြန်ရောက်လာသော ထိုပုံရိပ်များ။ စိမ်း မျက်နှာလေး ညှိုးသွားသည်မှာလည်း အသိအသာပင်။ နောက်ထပ်တကြိမ် ရိပ်၏မျက်နှာလေးအား ပြန်၍ကြည့်လိုက်ပြီး....
*ဒီလောက် ဖြူစင်တဲ့ကလေးမလေးက ဖောက်ပြန်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဟုတ်တယ်..... ငါပဲအတွေးလွန်နေတာ ဖြစ်မှာပါ*

''မမ''

ရိပ်၏ ခေါ်သံလေးကြောင့် ထိုအတွေးအမှားတို့အား အဝေးလွှင့်ပစ်လိုက်ပြီး အပြုံးလေးတပွင့်ဖြင့် တုန့်ပြန်လိုက်သည်။

''ဟင်... ပြောလေ ရိပ်''

''မေမေက ပြောတယ်။ မမကို စိတ်ညစ်အောင်မလုပ်နဲ့နော်တဲ့။ရိပ်က မမကို ဘယ်တုန်းက စိတ်ညစ်အောင်လုပ်ဖူးလို့လဲနော်''

''ဒါပေမဲ့ စိတ်ဆိုးအောင်တော့ ခဏခဏ လုပ်တယ်လေ
လူဆိုးမလေးရဲ့''

ပြုံးစစဖြင့် ပြောလိုက်သည့်အခါ နှုတ်ခမ်းလေးဆူကာဖြင့်
မကျေနပ်သည့်ဟန် ပြန်၍ ကြည့်ကာ....

''မမကလည်း ရိပ်ကလိမ္မာပါတယ်လို့''

''အင်း...ဒါဆို လိမ္မာလို့ ခဏခဏအရိုက်ခံရတာပေါ့
ဟုတ်လား''

ထိုအခါ ရိပ်က စိမ်း၏ခါးလေးမှ သိုင်းဖက်ကာ စိမ်း၏
ပခုံးထက်သို့ မေးလေးတင်၍ ကလေးတယောက်လိုချွဲလေတော့သည်။

''ဟာ....မမကလည်းကွာ...''

''ကဲပါ ဟုတ်ပါပြီ မမရဲ့ရိပ်လေးက သိပ်ကိုမှ
လိမ္မာပါသတဲ့ရှင်''

''အချစ်ဟုခေါ်သည်''Where stories live. Discover now