Part-11

4.3K 243 3
                                    

(Unicode)

မုန့်စျေးတန်း အနားရှိ သစ်ပင်၊ ပန်းပင်လေးများဖြင့် အေးချမ်းလှသည့် ကျောင်း၏ပန်းဥယျာဥ် လေးအတွင်း
ခုံတန်းရှည်လေးတခု တွင် ရိပ် စိတ်ပျက်စွာဖြင့်ထိုင်နေမိသည်။ ကောင်းကင်ပြာကြီးကို ငေးမောကြည့်နေမိသည့်အခိုက် ပခုံးထက်မှ အထိအတွေ့တခု။ရိပ် နောက်သို့လှည့်
ကြည့်လိုက်သည့်အခါ ထိုသူက စိမ်း ဖြစ်နေသည်။
စိမ်းလည်း ရိပ်ဘေးနားက နေရာလွတ်လေးတွင် ဝင်ထိုင်လိုက်ပြီး...

''ရင်ထဲမှာ အဆင်မပြေမှုတွေ အရမ်းများနေတယ်
မဟုတ်လား''

ထိုစကားကြားသည်နှင့် ရိပ်မျက်နှာလေး မဲ့ကျသွားခဲ့သည်။
သို့သော် ရိပ်မျက်ရည်မကျမိအောင် တင်းခံထားသည်။
စိမ်းက ရိပ်အား နွေးထွေးမှုအပြည့်ဖြင့် ဖက်ထားလိုက်ပြီး..

''ဆရာမ ရှိတယ်။ ဘာမှမဖြစ်ဘူး ။
ငိုချလိုက်....အားလုံးမေ့သွားအောင်ထိ ငိုချပစ်လိုက်။
စိတ်ထဲမှာ တင်းခံမထားနဲ့''

မိမိအားဖက်ထားသည့် စိမ်းကို ရိပ်လည်း တင်းကြပ်စွာ ပြန်ဖက်ထားလိုက်ပြီး ခံစားရသမျှငိုချမိလေတော့သည်။
ကလေးတယောက်အလား ငိုနေသည်ရိပ်ကြောင့်
စိမ်း ကိုယ်တိုင်ပင် မျက်ရည်ဝဲမိသည်။ခံစားချက်တွေဟာ
ထပ်တူကျနေခဲ့သလား။သူပျော်ရတဲ့အခါ ကိုယ်လည်းပြုံးမိသလို သူငိုတဲ့အခါ ကိုယ်လည်း မျက်ရည်ဝဲရသည်။ထိုအရာဟာ အချစ်လား။သေချာတာတော့ ထိုမိန်းကလေးနှစ်ဦးဟာ
တယောက်ခံစားချက်အပေါ် တယောက်ကနားလည်နေမိပြီ။
အတန်ကြာသည်အထိ အားရပါးရငိုပြီးသည့့်နောက် ရိပ်လည်း စိမ်းကို တင်းကြပ်စွာဖက်ထားသည့် လက်များအား
ဖြေလျော့လိုက်သည်။

''ငိုလို့ဝပြီလား ကလေး''

နီရဲနေသော မျက်လုံးကလေးများဖြင့် မော့ကြည့်လာသော
ရိပ်၏ ပါးပြင်ထက်မှ မျက်ရည်စလေးများကို ခပ်ဖွဖွသုတ်ပေးလိုက်သည်။ထို့နောက် ရိပ်၏မျက်နှာလေးအား လက်နှစ်ဖြင့် အုပ်ကိုင်၍....

''ငိုထားတဲ့ ရုပ်လေးကလည်း ဆိုးလိုက်တာကွာ''

''ဟွန့်...ဆရာမကလည်း''

ဆူပုတ်နေသော နှုတ်ခမ်းလေးဖြင့် အလိုမကျဟန် ပြောလာသည့် ရိပ်၏အမူအရာလေးမှာ တကယ်ကလေးတယောက်အလား။တကယ်ပါ စိမ်းရှေ့ရောက်ရင် ဂျစ်ကန်ကန်နဲ့ လူမိုက်ဆန်ဆန် ရိပ်ဟာလည်း ကလေးတယောက်လိုပင်။
ရိပ်၏ ဆူပုတ်နေသာ မျက်နှာလေးအား စိမ်းကြည့်ကာ
​ရယ်မိလေသည်။စိမ်း ရိပ်၏ လက်ကလေးများအား ညင်သာစွာ ကိုင်ထားမိသည်။နူးညံလွန်းသည်။ဒီရင်ခွင်ဟာ ရိပ်အတွက် အလွန်ကို နူးညံ့လွန်းလှသည်။

''အချစ်ဟုခေါ်သည်''Where stories live. Discover now