Part-14

4.3K 223 0
                                    

(Unicode)

''သမီးစိမ်း သမီးခေါ်ထားတဲ့ ဆရာဝန်မလေး ရောက်ပြီ သမီး''

''ဟုတ် ကြီးငွေ''

ပပလည်း ဆေးအိတ်လေးကိုင်ပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။ဒေါ်ငွေကတော့ ပပ ကို အခန်းဆီလိုက်ပို့ပေးပြီး.
အောက်သို့ ပြန်ဆင်းသွားခဲ့သည်။ပပ က ရိပ်အားပထမဆုံးအပူချိန်တိုင်းလိုက်ပြီး...

''အင်း အဖျားက ၁၀၄ တောင်ရှိတယ်။
အရမ်းလည်း အားနည်းနေတယ်
ဒီရက်ပိုင်း အိပ်ချိန်တွေရော မှန်ရဲ့လား ကလေး''

ပပ၏ အမေးအား ရိပ်ဘယ်လိုဖြေရမလဲ မသိဖြစ်နေခဲ့သည်။တကယ်ဆို ရိပ် ဒီရက်ပိုင်း အိပ်ချိန်စားချိန်တွေ
မမှန်ခဲ့ပေ။ အမှန်အတိုင်း ပြောလိုက်လျှင်လည်း စိမ်းဆီက
ထပ်၍ မေးခွန်းများရောက်လာအုံးမည်ကို ရိပ်သိနေသည်။
ဒါကြောင့်မို့ ရိပ် ဘာမှပြန်မဖြေသေးပဲ နှုတ်ဆိတ်နေမိသည်။

ရိပ်၏ အခက်တွေ့နေသည့် အခြေနေအား ရိပ်မိသည့် စိမ်းကပဲ ဝင်ဖြေလိုက်တော့သည်။

''အင်း သူဒီရက်ပိုင်း အိပ်ချိန်မမှန်ဘူး''

ထိုအခါ ပပက စိမ်းအား မျက်လုံးလေးပြူးကာ
ကြည့်လာပြီး......

''ငါက ဒီကလေး ကိုမေးတာလေ''

''အေး သူ့ကိုမေးလည်း ငါဖြေတာ ဘာဖြစ်လို့လဲ။
စကားရှည်လိုက်တာ ပပရာ။''

''အော် အေးပါ အေးပါဟယ်..''

ပပလည်း ရိပ်ဘက်သို့ တဖန်ပြန်ကြည့်၍...

''ဆရာမ ဆေးထိုးပေးခဲ့မယ်နော် ပြီးတော့ ဆေးလည်းပေးခဲ့မယ်။ အဲ့ဆေးကို သေချာသောက်နော်''

ဆေးထိုးမယ် ဆိုသည့်စကားကြောင့် ရိပ်တယောက်
အတော်လေး စိတ်ညစ်သွားသည်။ရိပ်သည် ငယ်ငယ်ကတည်းက ဆေးထိုး ဆေးသောက် အလွန်ကြောက်သည့်ကလေးပင်ဖြစ်သည်။ရိပ် စိမ်း၏ လက်လေးအား လှမ်းကိုင်ကာ ငိုမဲ့မဲ့ မျက်နှာလေးဖြင့်.....

''ဆရာမ ဆေးက မထိုးလို့မရဘူးလားဟင်''

''ဆေးထိုးမှ မြန်မြန်နေကောင်းမှာပေါ့ ရိပ်ရဲ့။
သိပ်ပြီးတော့ မနာပါဘူး ရိပ်ရယ်။ ဆရာမ ရှိတယ်လေနော်''

''အချစ်ဟုခေါ်သည်''Where stories live. Discover now