Part-46

3.2K 174 3
                                    


(Unicode)

နေဝင်ချိန် အခိုက်အတန့်လေး တခု။လှမ်းမြင်နေရသည့်
ရေပြင်ကျယ်ကြီးရဲ့ နောက်က တဖြေးဖြေး ပျောက်ကွယ်သွားတော့မည့် နေမင်းကြီး။နေဝင်ချိန်တွေကို သိပ်ချစ်ပါတယ်ဆိုတဲ့ wheel chair ပေါ်က မိန်းကလေးတဦးကတော့
သူသိပ်ချစ်တဲ့ ​​နေဝင်ချိန်လေးအား အားတင်းကာ ပြုံးရင်း
ကြည့်နေမိသည်။ မျက်ဝန်းလေးတစုံ၌တော့ ကျလုဆဲဆဲ
မျက်ရည်စကလေးတို့ဖြင့်။ ​လေများ တဖြူးဖြူး
တိုက်ခတ်နေပါသော်လည်း ထိုwheel chair လေးနောက်မှ
ကောင်လေးတယောက်၏ ရင်ထဲကိုတော့ မအေးမြစေနိုင်။
တစုံတယောက်ကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ အသိက
ဟောဒီရင်ထဲ စူးနစ်နေအောင် နာရပါရဲ့ အချစ်ရယ်...

''မောင်''

မြတ်နိုးရသည့် ထိုနာမ်စားလေးအား အကြိမ်ကြိမ်ခေါ်ချင်မိခဲ့။ တိုးရှလှသော အသံလေးအား ကြားလိုက်ရသည်နှင့်
စို့တက်လာသော ကောင်းခန့်နှလုံးသားထဲက
နာကျင်မှုကတော့ ပြောမပြတတ်အောင်ပင်။

''ပြောလေ..ငယ်...မောင်နားထောင်နေတယ်''

''နေဝင်ချိန်တွေကို ငယ် သိပ်ချစ်တယ်မောင်''

''.......''

ဒီလိုအချိန်မျိုးမှာ တုန်ရီနေသော အသံတို့အား ကောင်းခန့်
ဆက်၍ မထိန်းထားနိုင်သည်မို့ အံကြိတ်ကာသာ
တင်းခံနေရ၏။

''မောင်မှတ်မိလားဟင်...မောင် ငယ့်ကို ဒီလိုအချိန်
ဒီလိုနေရာလေးမှာ ချစ်ခွင့်ပန်ခဲ့တာလေ''

အရင်လိုတော့ မောင့်အနားမှာ စကားတွေ တတွတ်တွတ်
မပြောနိုင်တော့ဘူးပေါ့ မောင်ရယ်။မောင့်ရဲ့ငယ် ကလေ
မကြာခင် မောင့်အနားက ထွက်သွားပေးရတော့မှာ..မောင်ရဲ့။

''အင်း..မောင်မှတ်မိတာပေါ့ ငယ်ရယ်''

ကောင်းခန့်၏ အသံတို့မှာ အနည်းငယ်တုန်ရီနေသည်။
ငယ်သိတာပေါ့ မောင်ရယ်။ မောင် ငိုနေမယ်ဆိုတာ
ငယ် သိတာပေါ့။

''မငိုပါနဲ့လား မောင်''

ထိုအခါ ကောင်းခန့် ပါးပြင်ထက်မှ မျက်ရည်စတို့အား
လက်ခုံဖြင့် ခပ်ကြမ်းကြမ်းဆွဲသုတ်လိုက်သည်။

''အချစ်ဟုခေါ်သည်''Where stories live. Discover now