Part-18

4.4K 204 3
                                    

(Unicode)

''ကဲ ဆိုစမ်းပါအုံး နှောင်းရိပ်သျှင်။
bio ကို ဘယ်လိုများ သုညရအောင်ဖြေခဲ့လဲ သိချင်လို့''

ရိပ်တယောက်တော့ အခက်တွေ့လေပြီ။အမှန်တိုင်း ဖြေရမလား လိမ်ပဲပြောရမလား စဥ်းစားရခက်နေသည်။ နက်နက်နဲနဲတွေးတော နေဟန်ရှိသည့် ရိပ်အား စိမ်း စိတ်ရှည်စွာစောင့်နေ၏။ထိုအချိန် မိမိအား မော့ကြည့်လာသည့်ရိပ်အား ပြော ဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ပြလိုက်သည်။

''ဟို..အဲ့ဒါကလေ..ရိပ်.. bioတွေ သေချာမလုပ်လိုက်လို့ပါ''

ရိပ်၏ စကားကြောင့် စိမ်း ရိပ်အား ပြုံး၍ကြည့်လိုက်သည်။
ထိုအပြုံးတွင် အဓိပ္ပါယ်များစွာ ရှိနေသည်ကို ရိပ်အတပ်သိနေသည်။

''မလိမ်တတ်ပဲ မလိမ်ပါနဲ့လား ရိပ်ရယ်''

''......''

ရိပ်ကတော့ ပြောစရာစကားတွေ ပြောက်ရှနေခဲ့ရ​ပြန်ပြီ။

''ဖြေထားသမျှစာတွေ အကုန်ခြစ်ချပြီး စာမေးပွဲ ကျအောင်
တမင်ဖန်တီးခဲ့တာ မဟုတ်ဘူးလား''

''ရှင်''

''ရိပ်.. ဒီလုပ်ရပ်က သိပ်ပြီး မိုက်ရူးရဲဆန်လွန်းတယ်။
အဲ့လို လုပ်တော့ ရိပ်အတွက် ဘာများအကျိုးရှိသွားသလဲ''

ဒေါသသံဖြင့် မဟုတ်ပဲ လေသံအေးအေးဖြင့်သာ ရိပ်အား
ပြောလိုက်ခြင်းဖြစ်သည်။

''မရှိပါဘူး ဆရာမ''

''ကိုယ်မခံစားနိုင်တော့တဲ့ တချို့အရာတွေကို ခဏလောက်ဖြစ်ဖြစ် လျစ်လျူရှုထားလိုက်။ အဲ့ဒီအရာတွေ အတွက်နဲ့
ကိုယ့်ဘဝတက်လမ်းတွေကို မပိတ်မိစေနဲ့။ မိုက်ရူးရဲဆန်တဲ့
လုပ်ရပ်တွေရဲ့အဆုံး အခက်တွေရမှာ ကိုယ် ကိုယ်တိုင်ပဲ။
ဆရာမ ပြောတာကို နားလည်ရဲ့လား ရိပ်''

''ဟုတ် နားလည်ပါတယ်''

''အင်း ဟုတ်ပြီ။ ရိပ်ကို ဆရာမ guide လုပ်ပေးမှာကို
ရိပ် လက်ခံတာ သေချာလား။''

''ဟုတ် သေချာပါတယ်''

''ကောင်းပြီ ဒါဆို တနလ်ာနေ့က စပြီး ညနေ ၄နာရီဆို
ဆရာမအိမ်ကို လာခဲ့။ အပတ်တိုင်း တနဂ်နွေနေ့ကို
ပိတ်ရက်ပေးမယ်။ တကယ်လို့ အဲ့ဒီ ပိတ်ရက်မှာ ရိပ်
မရတဲ့စာတွေ နားမလည်တာတွေ ရှိရင်လည်း ဆရာမဆီ
လာမေးလို့ရတယ်။စာမေးပွဲ နီးလာရင်တော့ ပိတ်ရက်လည်း
ဆရာမဆီလာရမယ်။ ရိပ်လက်ခံလား''

''အချစ်ဟုခေါ်သည်''Où les histoires vivent. Découvrez maintenant