Part-48

3.5K 189 4
                                    

(Unicode)

''စိမ်း နင်စိတ်နဲ့ ကိုယ်လည်း ကပ်ပါအုံးဟာ''

ကလျာ မိမိ၏ သူငယ်ချင်းဖြစ်သူအား အားပေးနှစ်သိမ့်နေရသည်။ နေမကောင်း၍ ကျောင်းမတက်နိုင်သည်မှာ ယခုဆိုလျှင် ၃ရက်ပင်ရှိနေပြီ။ မျက်ကွင်းများလည်းညိုကာ
နှုတ်ခမ်းတို့ဟာလည်း သွေးမရှိသည့်အလား ဖြူဖျော့လို့နေ၏။ ချောင်ကျနေသည့် မျက်နှာလေးဟာတော့
စိတ်ဓာတ်အလွန်ကျနေသည့် မျက်နှာအနေအထားဖြင့်။

''စိမ်း နင်နေကောင်းဖို့လိုတယ်ဟ.... ပြဿနာတွေ
ဖြေရှင်းရအုံးမယ် မဟုတ်လား...အားတင်းထားပါ စိမ်းရယ်''

''ကလျာ...ဘာလို့များ သူ ငါ့အပေါ် အဲ့လောက်ထိ
လုပ်ရက်သလဲ မသိဘူးဟာ...ငါလေ သူ့ကို သိပ်ချစ်တာဟ''

အားမရှိသည့် တိုးလျှနေသော လေသံလေးဖြင့် ပြန်ပြောရင်း
မျက်ဝန်းထက်က ဝေ့သီနေသော မျက်ရည်တို့ဟာ
ပါးပြင်ထက်သို့ တပေါက်ချင်း စီးကျလာတော့သည်။
ထိုအခါ ကလျာက စိမ်း၏ လက်လေးအား ဆုပ်ကိုင်ကာ...

''စိမ်းရယ်...ရိပ်လည်း နင့်ကို ချစ်ပါတယ်''

''ဟင့်အင်း... သူ့ငါ့ကို မချစ်တော့ပါဘူးဟာ မချစ်တော့လို့
ထားသွားရက်တာပေါ့ ''

''သူ သွေးပူနေတုန်းမို့ပါ စိမ်းရယ်''

''ငါလေ သူ့အပေါ် ချစ်ခြင်းမေတ္တာ တွေအပြည့်အဝ ပေးထားခဲ့တာတောင်မှ ဘာလို့ ငါ့အပေါ် သစ္စာဖောက်ရက်သလဲ မသိဘူး။ သူ့အတွက် ငါ့တယောက်တည်းရဲ့ အချစ်တွေက
မလုံလောက်နိုင်သေးဘူးလားဟာ...တကယ်ပြောတာကလျာ
ငါသေသွားလိုက်ချင်ပြီ...ကိုယ်ချစ်ရတဲ့သူက တခြားတယောက်ရဲ့ရင်ခွင်ထဲ ရောက်နေခဲ့တာဆိုတဲ့ အသိက ငါ့နှလုံးသားထဲ နင့်နေအောင်ပဲ''

''စိမ်းရယ်...အဲ့လိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ
ရဲနောင်လည်း လူလွှတ်ပြီး ရိပ်ကို ရှာခိုင်းထားပါတယ်။
ရိပ်လည်း ရန်ကုန်ထဲမှာ ပဲရှိမှာပါ။ ပြန်ရှာတွေ့မှာပါဟာ''

ထိုအခါ စိမ်းက ကလျာအား မျက်ရည်အဝိုင်းသား​ဖြင့်
ကြည့်ကာ ပြောလိုက်သည့် စကားတခွန်းက....

''သူ သိပ်ချစ်ရတဲ့ သူ့ရဲ့နောက်မိန်းကလေးဆီမှာ
ရှိနေမှာပေါ့''

''အချစ်ဟုခေါ်သည်''Where stories live. Discover now