Part-20

4.4K 223 4
                                    

(Unicode)

ရိပ် ချိုင့်လေးကို စက်ဘီးရှေ့ခြင်းထဲ ထည့်ကာ
စိမ်းတို့အိမ် သို့ ထွက်လာခဲ့သည်။ ခြေလှမ်းတို့က
ချစ်ရသူ ရှိရာဆီသွားဖို့အတွက်ဆိုရင် အခက်ခဲမှန်သမျှကို
ကျော်ဖြတ်မည့်အလားပင်။

''ဒေါ်လေး ရိပ်မေမေ မွေးနေ့မို့ ရွှေတောင်ခေါက်ဆွဲ
လာပို့တာ''

''အော် မေနန်း မွေးနေ့လား။ အေးအေး သမီး။
ခဏစောင့်အုံးနော် ဒေါ်လေး ချိုင့်လှယ်လိုက်အုံးမယ်''

ရိပ် အိမ်သို့ရောက်သော် စိမ်းအားမတွေ့၍
အနည်းငယ် ဝမ်းနည်းမိရသည်။
ခဏအကြာ ဒေါ်သန္တာက ချိုင့်လေးကိုင်ကာ ရိပ်ဆီသို့
ပြန်လာသည်။

''သမီးရေ ကျေးဇူးနော်။ မေမေ့ကိုလည်း Happy Birthday
လို့ ပြောပေးပါအုံး''

''ဟုတ် ဒေါ်လေး။ ဒါနဲ့ မမရောဟင်''

''အော်...စိမ်းက ဆေးရုံသွားတယ် ရိပ်ရဲ့''

''ဆေးရုံ... မမ ဘာဖြစ်လို့လဲဟင်''

ဆေးရုံ ဆိုသည့်စကားကြောင့် ရိပ်အတော်လေး စိတ်ပူ
သွားခဲ့သည်။ စိတ်ပူနေသည့် မျက်နှာကိုပင် ဟန်ဆောင်ကာ
မဖုံးကွယ်နိုင်ခဲ့။

''စိမ်း ဘာမှမဖြစ်ပါဘူး သမီးရဲ့။ သူ့သူငယ်ချင်း
က ဆရာဝန်လေ။ အဲ့ဒီ သူငယ်ချင်းဆီသွားတာ''

''အော်''

ထိုအခါမှသာ ရိပ်သက်ပြင်း ချနိုင်တော့သည်။
ကိုယ်တိုင်တောင်မှ သတိမထားမိခဲ့သည့် စိုးရိမ်မှုတွေ
အတွက် ထိန်းချုပ်ဖို့ စွမ်အား ကိုယ့်မှာမရှိခဲ့။

''ဒါဆို ဒေါ်လေး..ရိပ်ပြန်တော့မယ်နော်''

''အေးအေး သမီး''

ရိပ်လည်း စက်ဘီးလေးနင်းကာ အိမ်သို့ ပြန်လာခဲ့သည်။
ဘယ်အတွက်ကြောင့်ရယ် မျှော်လင့်နေမှန်းတော့ မသိဘူး။
ဒါပေမဲ့ တနေ့လောက်လေး မတွေ့ရရင်တောင် လွမ်းတဲ့
စိတ်တွေ ကြီးစိုးနေခဲ့ပြီ။ဦးနှောက်အသိတွေက သေချာစွာ
နားမလည်သေးပေမယ့် နှလုံးသာကတော့ နက်နက်ရှိုင်းရှိုင်း
ခံစားမိနေပြီ။

•••••••••••••••••••••••••••••

''မေမေ့သမီးလေး ကျန်းမာပါစေ ချမ်းသာပါစေ
ပညာတတ်ကြီးဖြစ်ပါစေ။ဘဝမှာ ပြည့်စုံစွာ
နဲ့ နေနိုင်ပါစေ သမီးရယ်''

''အချစ်ဟုခေါ်သည်''Unde poveștirile trăiesc. Descoperă acum