_ ENDING _

1.2K 137 27
                                    

Note //

Two people in love, alone, isolated from the world, that's beautiful.

................................

....................

အိမ်ပြန်ရောက်တာနဲ့ ရေစိုနေတဲ့ အဝတ်အစားတွေ လဲပြီး ရေခပ်နွေးနွေးလေးဖြင့် hyg ပေါက်စလေး၏ ခြေထောက်ကို ဆေးကြောပေးလိုက်သည်
ဖိနပ်မပါဘဲ ပြေးလာတာကြောင့် အနည်းငယ် စုတ်ပဲ့ ဒဏ်ရာ သာ ရခဲ့သည်

အချိန်မနည်းတော့တာမို့ စောင်ကို ပါ ဆွဲခြုံပေးရင်း အိပ်စေတော့ ကုတင်တစ်ဖက်ကို တိုးသွားကာ

* ငါ့ကုတင်က နှစ်ယောက်အိပ်ဆိုတာ
မင်းသိလား *

သဘောကျစွာ ပြုံးလိုက်ရင်း လွတ်နေတဲ့ နေရာကို ဝင်ထိုင်လိုက်ကာ အခြောက်ခံထားလို့ ခပ်ဖွာဖွာလေးဖြစ်နေတဲ့ ဆံပင်လေးကို နဖူးပေါ်မှ သပ်တင်လိုက်တော့ ကိုယ်ငွေ့ခပ်နွေးနွေးကို ရသည်

နဖူးပေါ်မှ လက်ကို သူ့ရင်ဘတ်ပေါ် ဆွဲတင်ကာ ပြန်ဆုပ်ကိုင်လိုက်ရင်း

* မင်းငါ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ငါသိသလို
ငါရော မင်းကို ချစ်တယ်ဆိုတာ မင်းသိတယ်မလား
မင်းကို နောက်ထပ် ဘယ်ကိုမှ
သွားခွင့်မပြုနိုင်တော့ဘူး *

" အင်း... သိတယ်
ကျနော် အကုန်သိတယ်
နောက်ထပ်လည်း မဟုတ်ဘူး ဘယ်တော့မှ
hyg ကို ထားသွားမှာ မဟုတ်တော့ဘူး "

တစ်ခနအတွင်း အိပ်ပျော်သွားတဲ့ ကောင်ငယ်လေးကို တစ်စက္ကန့်မျှ မလစ်လပ်သွားရအောင် ထိုင်ကြည့်နေခဲ့တယ်

....................................
..................

နောက်ကျတဲ့ အထိ အိပ်လေ့မရှိပေမယ့် အခုထိ အခန်းထဲက ထွက်မလာသေးတဲ့ hyg ကြောင့် အခန်းထဲ ဝင်ကာ သွားနိုးရတော့သည်

စောင်အောက်ထဲ ဝင်ကာ အိပ်နေတဲ့ ကျားပေါက်လေးကို နှိုးဖို့ စောင်ကို ဆွဲလှပ်လိုက်သည်

" hyg ~  Morning "

ကွေးကွေးလေးအိပ်ပျော်နေတဲ့ ကျားပေါက်လေးက မျက်စိ ဖွင့်လိုက် ပိတ်လိုက်ဖြစ်ကာ အိပ်ချင်မူးတူးဖြင့် စောင်ကို ပြန်လိုက်စမ်းသည်

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Where stories live. Discover now