_Mini Mini_

1K 87 17
                                    

Short Part >> Mini _ Min

Jeju က ပြန်လာပြီးကထဲက ရက်တော်တော်များများကြာသည်အထိ အလုပ်ကိစ္စကြောင့် ခရီးထွက်လိုက်ရသည် မို့ ကလေးငယ်နား အခုမှ ကပ်ချွဲဖြစ်သည်

အလင်းရောင် ခပ်စူးစူးက ကလေးငယ်ကို အနှောင့်အယှက် ဖြစ်စေသည်မို့ ဝါကျင့်ကျင့်မီးလုံးတို့သာ တပ်ဆင်ထားသည့် အိပ်ခန်းအတွင်း သို့ နွားနို့ပူပူလေးတစ်ခွက်ကို ယူဆောင်ရင်း ဝင်လာ လိုက်တယ်

ပြည့်ပြည့်ဖောင်းဖောင်း ပါးနှစ်ဖက်ကြားက ခပ်ရဲရဲ နှုတ်ခမ်းတစ်စုံကို ရှေ့သို့ အနည်းငယ် စူ ထား ရင်း လက်နှစ်ဖက်ကိုပါ ဆန့်တန်းပေးထားပြန်သည်

accident ဖြစ်ပြီးနောက်ပိုင်း လိုလေးသေးမရှိ အရိပ်တကြည့်ကြည့် ဂရုစိုက် အလိုလိုက်ပေးထားသည့် ကျနော့်ကြောင့် သိပ်ကို ကလေးဆန်လာတဲ့ သူ

နို့ခွက်ကို ဘေးရှိ nightstand ​ပေါ်တင်ရင်း ကုတင်သို့ ဝင်ထိုင်ကာ ကလေးငယ်ကို မျက်နှာချင်းဆိုင်အနေအထားဖြင့် ပေါင်ပေါ် ဆွဲတင်လိုက်သည်

အလိုက်သင့်လေးပါလာသည့် ကလေးငယ်ရဲ့ ကျောပြင်လေးကို ခပ်ဖွဖွလေး ပွတ်သပ်ပေးဖို့လည်း မမေ့

" အစောကြီး ရှိသေးတာကို
အိပ်တော့မလို့လား "

* ယွန်းဂီ မရှိတဲ့ နေ့တွေကထဲက
စောစော အိပ်ယာဝင်နေကျ *

ကောင်ငယ်လေးဟာ ရင်ခွင်ထဲမှ ပြန် ထွက်ရင်း နွားနို့ခွက်ကို လက်ကမ်းယူနေပြန်တယ်

အရသာ ခံသောက်သည် မဟုတ်ပဲ တစ်ကြိုက်ထဲ သောက်ချလိုက်တဲ့ ကလေးငယ်ကြောင့် 'ပူမည်' ဟု တားချိန်ပင် မရလိုက်

* tissue လေး ပေးပါဦး *

နာမည်ကြီး ပြဇာတ်တွေထဲကလို ခြေဟန် လက်ဟန် အမူအရာအပြည့်ဖြင့် သရုပ်ဖော်နေတဲ့ ကလေးငယ် ၏ နွားနို့တစ်ချို့ ပေနေတဲ့ စိုစိုအိအိ နှုတ်ခမ်း ဖူးဖူးလေးကို ဟန်မဆောင်နိုင်စွာပဲ စုပ်ယူနမ်းရှိုက်မိသည်

ထိုမှ တစ်ဆင့် လည်တိုင်နုနုလေးကို နှာဖျားဖြင့် ပွတ်တိုက်ဆင်းရင်း ညှပ်ရိုးနေရာအရောက် ခပ်ဖွဖွ တစ်ချက် ငုံခဲကာ လျှာဖျားဖြင့် ကျီစယ်မိတော့ ကလေးငယ်ဟာ မျက်စိအစုံကို မှိတ်ထားရင်း အသက်ရှုသံ ခပ်ပြင်းပြင်းတို့ကိုသာ ထုတ်လွှင့်သည်

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Where stories live. Discover now