6 - LIE To ME

1.9K 251 26
                                    

Note ; Somewhere between laughing for no reason, stupid arguments,
and making fun of each other,
I fell in love with you >>

💜💜💜

ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ Tannie လေးက ပက်လက်အနေထားနဲ့  အိပ်နေတဲ့ ကျနော့်အပေါ်ကို
အတင်းခုန်တက်လာခဲ့တယ်

နင့်ခနဲ ဖြစ်သွားရတဲ့ Tannie ရဲ့ ခန္ဓာကိုယ်ကြောင့်
အသက်ရှုတောင် အောင့်သွားရတယ်

* ​လေးလိုက်တာ Tannie က
ဘယ်တုန်းက အကောင်ကြီး ထွားသွားရတာပါလိမ့် *

မျက်လုံးတွေကို ပြန်မှိတ်ထားရင်း Tannie ရဲ့ အမွှေးလေးတွေကို ပွတ်ပေးတော့
အမွှေးက ခါတိုင်းထက် ရှည်နေပြန်တယ်
ပြီးတော့ ပွပွလေးနဲ့ ကောက်ကောက်လေး

Tannie အမွှေးက ကောက် ကုန်တာလား....?

အိပ်ရေးမဝသေးတဲ့ မျက်လုံးတို့ကို အတင်းဖွင့်ကြည့်တော့
ကျနော့်ခန္ဓာကိုယ်ကို အ​ပေါ်က တက်ဖိပြီး အိပ်နေတဲ့ Justin

ရုတ်တရပ် လန့်ပြီး သူ့ကို ဘေးဘက်ကို တွန်းချလိုက်တော့
အသာလေးပဲ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားပြန်တယ်

တအင်းအင်းနဲ့ ငြီးသံလိုကြားမှ ပြန်သတိရသွားတာက
ဒီကောင်လေးနေမကောင်းဘူးဆိုတာကိုပင်

"ငါ.. ငါ ...​တောင်းပန်ပါတယ် "

ဒီလောက်ဖြစ်နေတာတောင် ကုတင်အောက်အထိ ဆင်းလာပြီး ကျနော့်အပေါ်ကို တက်ဖိပြီး အိပ်ဖို့ဆိုတာ
ဒီကောင်လေး ဇ က မသေးပေ

ချမ်းလို့ တုန်ရီနေတဲ့ ကောင်လေးကို
ဘေးဘက်မှာ ပုံကျနေတဲ့ စောင်လေးအသာယာဆွဲခြုံပေးတော့ အဆက်စပ် မရှိတဲ့ စကား​တွေကို ကယောင်ကတမ်း ထ ပြောပြန်တယ်

ဒီလိုကျပြန်တော့ ​ကောင်လေး က သနားစရာ

နိုးနေတဲ့ အချိန်က တအားကြီး မစောတော့တာမို့
မီးဖိုခန်းထဲမှာ စားဖို့အတွက် တစ်ခုခု သွားပြင်ဆင်ရန် ထွက်လာခဲ့သည်

နောက်ဆုံးနှစ်စာမေးပွဲဖြေရန်အတွက်သာ မိဘတွေနဲ့ ခဏ ခွဲနေသည်မို့
ထယ်ယောင်းတစ်ယောက် ဘာမှ ရေရေရာရာ မလုပ်တတ်ပါ

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Where stories live. Discover now