2 - Can U ?

3K 336 175
                                    

ဒီနေ့လည်း စက်ဆုပ်စရာကောင်းလွန်းတဲ့ အိပ်မက်ဆိုးနဲ့ အတူ နိုးထလာရင်း ပျင်းရိတဲ့ ခြေလှမ်းတွေနဲ့အတူ ကျောင်းဆီသို့ လှမ်းခဲ့ရပြန်တယ်

အတွေးထဲ ဝင်လာမိတာက ခပ်ချောချော အသားဖြူဖြူနဲ့ ဟို သူဌေးလေးနဲ့ ထပ်တွေ့ရင် ကောင်းမယ် လို့ တွေးနေမိသေးတာ

ဝင်တိုက်မိရုံလောက်နဲ့ ဇာတ်လမ်းဖြစ်မလာဘူးဆိုတာကို သိသိကြီးနဲ့ ကျိတ်ရီလိုက်ရင်း
ကျောင်းကို ရောက်မှန်းမသိ ရောက်လာခဲ့ရပြီ

"Jimin shii"

ကျောင်းဝင်းထဲ မဝင်မိ တစ်စုံတစ်ယောက်ရဲ့ အော်ခေါ်သံကြောင့် လှည့်ကြည့်မိတော့
သစ်ပင်အနောက်မှာ ပုန်းနေတဲ့ ဟိုးတစ်နေ့က မှန်ကြောင် ကောင်

"ဟမ် ...မှန်​ကြောင်ကောင် "

"ငါကို မင်းနဲ့အတူ ကျောင်းခန်းထဲ ခေါ်သွား
ပေးပါ့လား "

အမြဲ ကြောင်တောင်တောင် စကားတွေ ပြောလေ့ရှိတဲ့
ထယ်ယောင်းကြောင့် နားလည်ရခက်နေသည်

"မင်း ဘာကိုပြောချင်တာလည်း "

"ငါ့ကို ကွယ်သွားပေးလို့ ပြောတာ "

"ဟေ့ကောင်... ကင်မ်ထယ်ယောင်း
မင်းက ငါ့ကို အကောင်သေးတယ်ဆိုပြီး နှိမ်နေတာလား "

ဂျီမင်၏ လူကောင်က သေးသေးညှက်ညှက်လေးဖြစ်နေသည် ကို သူနဲ့ကွယ်ခိုင်းတာကြောင့်
အိုးမလုံ အုံပွင့်သွားလေသလား

"မဟုတ်ပါဘူး ဂျီမင် ရာ
ဟိုမှာ တွေ့လား justin
သူ့ကို ငါ ရှောင်သွားချင်ရုံလေးပါ
ငါ့ကို ကူညီပါ"

ထယ်ယောင်းညွှန်ပြတဲ့နေရာကို ကြည့်မိတော့
ကျောင်းဆောင်အပေါက်ဝလှေကားမှာ နားကြပ်လေးတပ်ရင်း ထိုင်စောင့်နေတဲ့ ကောင်လေးတစ်ယောက် uniform မတူတာကြောင့်
Junior တန်းက ကောင်လေးတစ်ယောက်ပင်ဖြစ်မယ်

ရုပ်ရည်လေးက သန့်သန့်ပြန့်ပြန့် ဆိုပေမယ့်
ခေါက်တင်ထားတဲ့ အင်္ကျီ ညာဘက်လက်အောက်က
Tattoo တစ်ချို့ရယ်
မျက်ခုံး နားရွက်တွေအထိ ကွင်းပေါင်းများစွာ တပ်ထားတာက တော်ရုံကောင် မဖြစ်နို်င်မှန်းသိသာစေသည်

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Where stories live. Discover now