9 - Bec: Of U

1.4K 166 25
                                    

Note // One of the most amazing feelings
in the world is having someone fall in love with you who you thought you never had a chance with >>>

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"Hyg! "

နေ့လည်စာ စားချိန်၏ တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သူ

ကျောင်းထမင်းစားဆောင်မှာ ထူးထူးခြားခြားဒီနေ့မှ လာ စား ဖြစ်သည်
အကြောင်းက နေ့ခင်းဘက် စာကူရေးပေးရမည့် jimin လည်း ကျောင်းမလာတာကြောင့် ဖြစ်သည်
အခုရက်ပိုင်း Jiminnie ကိုတောင် သိပ်မတွေ့ရတော့ပေ
တစ်ခါတစ်လေ ကျောင်းအဝင်ဝလောက်မှာတင် တွေ့လိုက်ရပြီး ပျောက်ပျောက်သွားတတ်သည်
သူလည်း သူ့ကိစ္စသူ အခက်အခဲ ဖြစ်နေမှာပေါ့
စပြီး ရင်းနီးမိသည့် သူငယ်ချင်းကလည်း သူပဲ ရှိတာမို့ ဖုန်းအဆက်အသွယ်လေးတော့ ရှိတတ်ပါသေးသည်

ထမင်းစားဆောင်ရောက်နေရခြင်း နောက်တစ်ချက် မနေ့ကညက ဖုန်းကိစ္စကြောင့် ဟိုကောင်လေးကို စိတ်ဆိုးပြီး ရှောင်နေခြင်းဖြစ်သည်

ဘယ်လိုပြေးပြေး... ပြေးလို့မရမှန်းသိပေမယ့်
တစ်စက္ကန့် လေးလောက် အချိန်မှာ​တောင် သူ့မျက်နှာကို မကြည့်ပါ

" hyg ဘာလို့ ဒီမှာ ထမင်းလာစားနေရတာလည်း
...သိရဲ့လား.. ခေါင်းဖြူက
hyg ကိုဆိုရင် ဝါးစားမတတ်ကြည့်နေတာ "

"ပြောစရာရှိနေလို့လား "

Jung Kook ၏ အကဲပိုလွန်းသော စကားလုံးများမှ လမ်းလွှဲလိုက်ရင်း မေးမိသည်

" ပြောစရာရှိမှ Hyg ကို
လာတွေ့ရမှာလား "

လေသံကိုက အကျောကြီးနဲ့ပင်
သူကလည်း အပြစ်လုပ်ထားသေး သူကပဲ ဦးအောင် စိတ်တိုနေရသေး အံ့သြပါ့

မျက်ခုံးနှစ်ခုထိစပ်မတတ် တွန့်ကွေးထားကာ အလိုမကျနေသည့် အနေအထားက Taehyung ၏ မျက်စောင်းထိုးနေရာမှာ ထိုင်နေသော ခေါင်းဖြူကြောင့်ပင်ဖြစ်သည်

အညံ့ ဆုံး အဆိုးဆုံး အခန်းတွေရဲ့ ကျောင်းသား ဘုရင်ဟာ တစ်ယောက်ပဲ ရှိတတ်သည်

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Where stories live. Discover now