4 - Oh No !

2.2K 307 66
                                    

Note ; Please tell me what I have done to deserve you in my life.
I just want to be sure that I keep on doing it.

💛>💛

ဆေးနံ့  ခပ်ပြင်းပြင်းရယ်
အလင်းရောင်အနည်းငယ်သာ ရှိတဲ့ အခန်းငယ်လေးထဲ
ဝတ်စုံအဖြူလေးနဲ့ ငြိမ်သက်စွာ လှဲလျောင်းနေတဲ့
တစ်ဦးထဲသော ကျနော့်မြတ်နိုးရာလေး

အပြစ်ကင်းတဲ့  ကောင်ပေါက်လေးနဲ့ မလိုက်ဖက်စွာဘဲ
ပတ်တီးဖြူဖြူတစ်ခုက ခေါင်းပေါ်မှာ နေရာယူထားပြန်တယ်

စိတ်ဆိုးရင် တွန့်ချိုးထားနေကြ မျက်ခုံးလေးတွေဟာလည်း
အခုအချိန်မှာတော့ ဖြောင့်တန်းနေပြန်တယ်

စူးစူးရဲရဲပြန်စိုက်ကြည့်တတ်တဲ့ ခပ်ကျဉ်းကျဉ်းမျက်လုံးတွေကလည်း မှိတ်လို့

ဖြစ်တဲ့ဒဏ်ရာက သိပ်မကြီးဘူးဆိုပေမယ့်
မတော်တဆ
သူသာ ကျနော့်ဘဝထဲက ထွက်သွားမယ် ဆိုရင်........
ကျနော့်အနားမှာ သူ မရှိတော့ဘူးဆိုရင်..............

မကောင်းတဲ့ အတွေးတွေကို ဖျောက်ပစ်လိုက်ကာ
အခန်းအပြင်ပြန်ထွက်လာခဲ့သည်

"Seok Jin hyg
ကောင်ငယ်လေးကို ဒီလိုဖြစ်အောင်လုပ်တဲ့ ကောင်ကို
လက်စားပြန်ချေပေး "

" ကျောင်းသားအချင်းအချင်းဖြစ်တဲ့
ပြသနာ ထင်ပါတယ်ကွာ "

"ဟာဗျာ ဘာကြီး ဖြစ်နေဖြစ်နေ
အဲ့ကောင်ကို တစ်ခုခုလုပ်ရမှ ကျေနပ်နိုင်မယ်
Hyg မလုပ်ပေးရင်
ကျနော် ကိုယ်တိုင်သွားမယ် "

တန်ဖိုးထားရတဲ့ အရာတွေနဲ့ ပတ်သက်လာရင် ထိန်းမရ တဲ့
ယွန်းဂီ ၏ ဒေါသကို Seokjin အသိဆုံးမို့ အမြန်ပင် တားလိုက်သည်

" လုပ်ပေးပါ့မယ် ကွာ
မင်းတော့မသွားပါနဲ့
ဂျီမင်အနားမှာ နေပေးရမယ်လေ နော်  "

အကိုတစ်ယောက်လို ဖြစ်နေတဲ့ seokjin စကားကိုခေါင်းငြိမ့်ပြကာ ဂျီမင်လေး ရှိရာ ဆေးရုံခန်းထဲ ပြန်ဝင်သွားပြန်တယ်

...........................

...........

မနက်မိုးလင်းတာနဲ့ မနေ့က ဖုန်းဆက်အကြောင်းကြားပေးသည်ဆိုတဲ့
ကောင်လေးကို အရင်ရှာရမည် မဟုတ်လား

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Onde as histórias ganham vida. Descobre agora