15 - UNTItLed

1.1K 148 29
                                    

Note //

Tell my mistakes to me not to others. Because my mistakes corrected by me
not by other's.

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
▫▫▫▫▫▫▫▫

" ဒီမှာ 10 millions တန် ချက် လက်မှတ်
အခုလိုတာက အုပ်ထိန်းသူနေရာမှာ
လက်မှတ်လေးထိုးပေးရုံပဲ "

ကျက်သရေရှိတဲ့ အမျိုးသမီးဆိုပေမယ့် မကြာခင်ကမှ ဖြတ်သန်းလာရတဲ့ အချိုးအကွေ့ကြောင့် အရာအားလုံးကို စွန့်လွှတ်ထားလိုက်သလို

" ဒီလောက်များတဲ့ ငွေပမာဏကို
ကျမ လက်မခံပါရစေနဲ့ သူဋ္ဌေးလေး မင် "

" ကောင်လေးကို ကျနော် တာဝန်ယူတယ်
နောက်ပြီး သူကလည်း
ဘယ်သူ့မှ ထိခိုက်လို့မရအောင်လည်း
ကာကွယ်ပေးသွားမှာ "

အစိမိးရင့်ရောင် ကုတ်အင်္ကျီနဲ့ အမျိုးသမီးဟာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် စာချုပ်ဟု ယူဆလို့ရသည့် စာရွက်ဝါကျင့်ကျင့်ပေါ်တွင် အမှတ်အသားသင်္ကေအဖြစ် လက်မှတ်ရေးထိုးနေသည်

" ယုံကြည်ပါတယ်
သားလေးကိုလည်း သူနဲ့အများကြီး
စိတ်ချလက်ချဖြစ်နေခဲ့တာ
ဒါပေမယိ့ ကျမတောင်းဆိုပါရစေ
ဒီအိမ်လေး အသိမ်းမခံရဖို့ရယ်
ကျမသားလေး ဘေးကင်းကင်းနေနိုင်ဖို့ရယ်ကိုပဲ
တောင်းရမ်းစရိတ်ဖြင့် လက်ခံနိုင်ပါမယ် "

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
▫▫▫▫▫▫▫▫▫▫▫▫▫▫

Warning >> Rude Swearwords 🚫🚫

တိတ်တဆိတ်ပဲ ရှိနေခဲ့တဲ့ အိမ်အတွင်း ဝုန်းဒိုင်းကျဲစွာ တွန်းဖွင့်ခံလိုက်ရတဲ့ တံခါး အစုံ

အမှားအမှန်ကိုပင် မတွေးမိပဲ ဒေါသကြီးစိုးနေသူကို
သာမန် အိမ်တော်ထိန်းတစ်ယောက်က ဝင်တားရဲမည် တဲ့ လား

စိတ်လွတ်သွားသူတစ်ယောက်လို အမည်နာမတစ်ခုကိုသာ အော်ဟစ်ရင်း သောင်းကျန်းနေတဲ့ သူကို ဆော့ဂျင် ဝင်တားရတော့သည်

" ဂျောင်ကု ..တော်လောက်ပြီ
မင်းတစ်ကိုယ်လုံးလည်း ရွှဲနေတာပဲ
ညဥ့်လည်း နက်နေပြီ မင်းပြန်ပါတော့ "

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Waar verhalen tot leven komen. Ontdek het nu