12 - JejuDo // 2

1.1K 146 45
                                    


" အစီအစဉ်အတိုင်းပဲ
သူ့ကို သတ်ပစ်ရမယ် "

"မတရားဘူးလေ
ကျနော်မလုပ်နိုင်ဘူး "

အသက်အရွယ်အားဖြင့် ကြီးပြီဖြစ်တဲ့ လူတစ်ဦးဟာ ခုံပေါ်မှ ခြေချိတ်ထိုင်ရင်း တာဝန်တစ်ချို့ကို ပြောသည်

" ဒါဆိုရင် မင်းနဲ့ မင်းမိသားစုအတွက်က
တရားတယ်ပေါ့ "

"ကျနော်တရားခံကိုပဲ လက်စားချေမယ် "

ဆေးလိပ်ငွေ့တွေကို လေထဲ မှုတ်ထုတ်လိုက်ရင်း
ခပ် ဟ ဟ ရီသည်

" သဘောကျနေတာလား "

"ဟုတ်ချင် ဟုတ်မှာပေါ့
ဒါက ကျနော့်ကိစ္စလေ "

ဝုန်းခနဲ ထလာကာ မတ်တပ်ရပ်နေခဲ့တဲ့ ကောင်ငယ်လေး ကို နံရံဘက် တွန်းထုတ်လိုက်ရင်း

" မင်းအရမ်းလူပါးဝ လာ ပါ လား
အစီအစဉ်အတိုင်းပဲ လုပ်မယ်
မဟုတ်လို့ကတော့ မင်းကို Dylan ဆီ
ငါကိုယ်တိုင် ရောင်းစားပစ်မယ် "

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
▪▪▪▪▪▪▪▪▪▪▪▪

အကိုပေါက်စလေးနဲ့ နှစ်ယောက်ထဲ Date ချင်လွန်းလို့
မတော်ရသေးတဲ့ ယောက္ခမလောင်းကို အတင်းပူစာပြီး ခရီးစဉ် စီစဉ်ခိုင်းထားရပါတယ်ဆို အခြေအနေက အခုတော့ မသာမယာ

သူနဲ့ အမြဲတတွဲတွဲဖြစ်လေ့ရှိတဲ့ ကောင်... အဲ့...
ပတ်ခ်ဂျီမင် နဲ့ တွေ့ပြီးတာနဲ့ ထိုကောင်အနားက မခွာတော့ပေ

ကျနော် ရှိတာကိုရော သိသေးရဲ့လား.......

ကျစ်...... သာသနာဖျက်Minကောင်တွေ!

" ယွန်းဂီ!
ကား ပါ ယူလာတာလား "

ကားတစ်စီးနဲ့ ထပ်မံ ရောက်ရှိလာတဲ့ Seokjin

အိုး....ဘယ်လို Dating Trip ကြီးပါလိမ့်
Min Jung Kook ရေ!

" အင်း... ဂျီမင်က
ကားမောင်းချင်တယ်ဆိုလို့ "

" မဟုတ်မှလွဲရော
လေယာဉ်ကိုပါ စီးလိုက်ငှါးလာတာလား "

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Where stories live. Discover now