_KuuTae_

879 92 30
                                    

CRIMINALs ရဲ့ Main pairing က Yoonmin ဖြစ်တာကြောင့် KuuTae part က အတော်လေးနည်းပါတယ်

ဒါကြောင့် ဒါလေး နဲ့ ကျေနပ်ပေးကြပါဦး

ထို့အပြင် KuuTae အတွက် ပထမဆုံး ဖန်တီးခြင်း
Tales of Heart တွင်လည်း လာရောက်ဝေဖန်နိုင်ပါကြောင်း

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

Extra _ KuuTae

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ကလေးအစစ်က ဘယ်သူလည်း... ?

ခင်ဗျားတို့ရဲ့ Kim Taehyung လေး ဘယ်ရောက်နေပြီလို့ ထင်လဲ.. ?

ထင်တာ မမှားဘူးဆိုရင် ကျနော့်အခန်းထဲက ပစ္စည်းတွေကို 
ပွစာကျဲနေအောင် လုပ်ထားပြီး  စိတ်ကောက်နေတာ
ဒါမှမဟုတ် ဘာမှ မလုပ်ပဲနဲ့လည်း တစ်နေရာရာမှာ ထိုင်ပြီး စိတ်ကောက်နေမှာ သေချာသည်

ကျနော့်အပြစ်လို့ မပြောပဲ
တစ်ခါလောက်တော့ အကိုပေါက်စလေးရဲ့ အပြစ်လို့ ပုံ ချ ကြည့်ကြရမယ်

ဇာတ်လမ်းက ဘယ်လို စတာလည်း ဆိုတော့ ........

...........ဂျယ်ဂျူကျွန်း.........

အလုပ်ပိတ်ရက်တစ်ချို့ရတာနဲ့ အမှတ်တရများစွာ ရှိနေခဲ့တဲ့
ထိုကျွန်းဆီ အလည်လာဖြစ်သည်
December လကြီး ဘာလို့များ ပင်လယ်ကမ်းခြေဒေသကို ရွေးချယ်ရလဲ ဆိုတာက ထယ်ယောင်း ကြောင့်ပင်

appa မဆုံးခင် အထိ အတူသွားစောင့်ရှောက်ပေးနေတဲ့ Seokjin hyg ဟာ ဂျယ်ဂျူမှာ အခြေတကျနေထိုင်ဖြစ်သွားသည်

Seokjin ၏ တူမသေးသေးလေးကို မြင်ဖူးချင်လွန်းလို့ပါ ဟု ပူဆာထားသောကြောင့် ပိတ်ရက်တွင် လိုက်ပို့ရခြင်းဖြစ်သည်

* jin hyg !
ကလေးလေးက hyg နဲ့ တူလို့လား မသိ
တကယ်ချောတာပဲ *

" ဦးလေးဖြစ်သူက ဒီလောက်ချောနေမှတော့
တူမလေးက ချောတာ ဆန်းလား "

မတွေ့ ဖြစ်ကြတော့တဲ့နှစ်တွေအတွင်း ဆော့ဂျင်တောင် ရာထူးတိုးသွားပြီ ဖြစ်သည်
ရုပ်ရည်နဲ့ ပတ်သက်လာရင် နည်းနည်းလေးတောင် အထိခိုက်မခံတဲ့ မာန က အခုထိ တင်းခံနေတာ ဝမ်းသာစရာပင် ။

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Where stories live. Discover now