Note //Sometimes giving someone a second chance is like giving them an extra bullet because they missed you the first time.
..............................
အခန်းအပြင်သို့ ထွက်လာသော ကောင်ငယ်လေးအား တမင်စောင့်နေခဲ့တဲ့ Seokjin က အနားလာဖို့ ခေါ်သည်
တအားကြီး ရင်းနှီးလွန်းတာမျိုး မဟုတ်ပေမယ့် နေ့တိုင်းနီးပါး တွေ့ဖြစ်နေတာကြောင့် သိပ်တော့ မစိမ်းလှပေ
Seokjin ရှေ့ရှိ ခုံတွင် ဝင်ထိုင်ရင်း" Seokjin Hyg
ကျနော့်ကို ဘာပြောမလို့လဲ "" မင်းတို့ကြား ဘာကိစ္စတွေ ရှိလဲဆိုတာ
အကိုမသိပေမယ့်
သူက လူတစ်ယောက်ကို လွယ်လွယ်နဲ့
အရူးအမူးချစ်မယ့်လူစားမျိုး မဟုတ်ဘူး
တန်ဖိုးမထားပေးနိုင်ရင်တောင်
မပစ်ပယ်ပါနဲ့ "" ကတိမပေးနိုင်ပေမယ့်
ကျနော်ကြိုးစားပါ့မယ် "အချိန်တစ်ခုကြာတဲ့အထိ စကားပြောပြီးကြတဲ့အခါ အတော်လေး ညည့်နက်နေပြီမို့ seokjin ကတော့ ဒီအိမ်ကြီး၏ အခန်းလွတ်တစ်ခုတွင်သာ အိပ်ယာဝင်ခဲ့သည်
ဘာမှ ထွေထွေထူးထူးမလုပ်ရလည်း
ကျနော်လည်း အတော်လေး ပင်ပန်းနေပြီသို့ပေမယ့် မပြတ်သားနိုင်သေးတဲ့ အတွေးတွေရယ်
ဒီည က ဖြစ်ခဲ့ရတဲ့ ကိစ္စကြောင့် ထိုလူကြီးကို မျက်နှာချင်းဆိုင်ဖို့ပင် အင်အားမရှိ
ရုတ်ချည်းဖြစ်သွားတဲ့ကိစ္စကြောင့် မသိစိတ်က အားနာမိပါသည်စိတ်မပါလက်မပါဖြင့် TV Channel တစ်ခုကိုသာ ကောက်ဖွင့်ရင်း ဆိုဖာပေါ် လှဲကြည့်နေခဲ့သည်
ထိုမှတစ်ဆင့် အိပ်ပျော်သွားခဲ့ရာ
ဘယ်လောက်ကြာသွားလေလည်း မသိ
နေရောင်ခြည်နွေးနွေးက မျက်နှာပေါ်ကို တိုက်ရိုက်ကျရောက်လာမှ နိုးလာခဲ့ပြီး အပျင်းဆန့်မိတော့ အောက်ဘက်သို့ ဘုတ်ခနဲ လိမ့်ကျသွားရသည်* ငါ့အဖိုးတန်ခါးလေး
အား..လား..လား...နာလိုက်တာ *ဆိုဖာပေါ်မှာ ညက အိပ်ပျော်သွားတာကိုမေ့ပြီး သတိလက်လွတ် လိမ့်ချမိလိုက်ခြင်းမှ ခါးရိုးတစ်လျှောက် အောင့်သက်သက်
YOU ARE READING
ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹
FanfictionLove is like the perfect CRIME ! -Yoonmin -Kooktae [27.4.2021]