13 - Hurt!

1.1K 146 40
                                    

Note //

Have you ever been hurt and the place tries to heal a bit, and you just pull the scar off of it over and over again.

လူလတ်ပိုင်း ဖခင်နှစ်ယောက် တစ်နည်းအရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်၏ ညစာစားပွဲ
သိပ်ပြီး မခမ်းနားပေမယ့် ပြုံးပျော်နေကြတဲ့ ထိုလူသားနှစ်ဦးကြောင့် အပျော်တွေပါ ကူးစက်သွားရသလို

" Seung Jae !
ငါမင်းကို သိပ်အားကျရတာ
အမေမရှိတော့ပေမယ့် ကလေးနှစ်ယောက်ကို အခုချိန်ထိ
မင်းကောင်းကောင်းထိန်းကျောင်း နိုင်ခဲ့တာ
ကလေးတစ်ယောက်ရဲ့ တာဝန်က သေးမှ မသေးပဲ  "

"မင်း လည်း သားသမီးရလာမှ
ဒါကို နားလည်တာ မလား "

တစ်ဖက်က လူက သဘောကျဟန်ဖြင့် ပြုံးသည်

မကြာခင်
ထိုလူတွေရဲ့ စကားဝိုင်းနားသို့ ကလေးငယ်တစ်ယောက် ရောက်ရှိလာခဲ့သည်

" Appa အငယ်လေး အိပ်သွားပြီ
ဟင်... ဦးလေး ဟန် ရောက်နေတာလား
ညီလေးကိုတော့ မခေါ်ခဲ့ဘူး "

" မင်းညီက သိတဲ့အတိုင်း စပ်စလူးလေ
ခေါ်လာမိရင် ဟိုတစ်ခါကလို
မျက်စိနောက်အောင် ဆော့လိမ့်မယ် "

ထိုအခါ 9 နှစ်သားအရွယ် ကောင်ငယ်လေးက သွားတန်းလေးတွေ ပေါ်သည် အထိ ပြုံးရီရင်း

" အဲ့တာကလည်း ချစ်ဖို့ကောင်းတာပဲ
ဦးဟန် နောက်တစ်ခေါက် ခေါ်ခဲ့ပေါ့
Appa သား ကို ဘာခိုင်းဦးမလဲ "

ကလေးငယ်ကို တစ်ချက်ကလေး လှည့်မကြည့်ပဲ လက်ဖြင့် အချက်ပြကာ သွားအိပ်ခိုင်းလိုက်သည်
ကလေးတန်မဲ့သူလည်း တစ်နေ့လုံး ဝိုင်းကူလုပ်ရတာ ပင်ပန်းနေရောပေါ့

Seung Jae က ကလေးတွေကို သူ့အသက်ထက် ပိုတန်ဖိုးထားပေမယ့် အပြင်ပန်းကျ အေးတိအေးစက်နိုင်လွန်းသည်

သားနှစ်​ယောက် ရှိသည့်အနက်
အကြီးကောင်လေးက အင်မတန်မှ အလိုက်သိသည်
၁ နှစ်သာသာ ရှိတဲ့ ညီလေးကို ဖခင်နဲ့ အတူ ပြုစုပျိုးထောင်ခဲ့သည်

သူများကလေးတွေ ပြေးလွှားဆော့ကစားနေသည့် အချိန်မှာ သူကတော့ သူ့ညီလေးအနားမှာသာ အရိပ်တစ်ခုလို ရှိနေပေးခဲ့သည်
ငယ်လွန်းသေးတာမို့ အလုပ်ဝိုင်းကူရင်း အချိုးမပြေတဲ့အခါလည်း ဖခင်ဖြစ်သူထံမှလည်း အဆူအငေါက်က ခံရသေးသည်

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Where stories live. Discover now